"ကျွန်တော်လည်းကိုယ့်ချစ်သူကိုအသာလေးပွေ့ချီထားနိုင်တယ်...."

ပြောရင်းဆိုရင်းဖြင့်သူ့လက်မောင်းကြွက်သားတွေကိုညှစ်ပြလိုက်သေးသည်။ဒါပေမယ့်သူ့ရဲ့သေးသေးသွယ်သွယ်ခန္ဓာကိုယ်နှင့်ချစ်စဖွယ်လှလှပပမျက်နှာလေးကြောင့်လူတိုင်း၏အသည်းမှာအထက်အောက်ပြောင်းပြန်လန်သွားသကဲ့သို့အူတွေအသည်းတွေယားလာသည်။

စီစဥ်တင်ဆက်သူမိန်းကလေးဟာပြုံးဖြီးနေသည့်မျက်နှာကြီးဖြင့်စင်အောက်ကပရိတ်သတ်တိုင်းရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ရန်ကြေငြာလိုက်သည်။

"ဒီကလူကြီးမင်းလေးကသူ့ချစ်သူကို နေရာချင်းလဲပြီးပြောင်းလဲပွေ့ချီထားချင်ပါတယ်တဲ့ရှင့်...."

လူတိုင်း၏မျက်လုံးတွေမှာပြူးကျယ်သွားပြီးရှောင်ကျန့်ရဲ့ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနှင့်ဟေးလစ်ခ်၏တောင့်တင်းသန်မာသည့်ခန္ဓာကိုယ်ကိုနှိုင်းယှဥ်မိလိုက်ကြသည်။

ဒီသေးသေးလေးကဒီအကြီးကြီးကိုတကယ်ပဲပွေ့ချီနိုင်ပါ့မလားဆိုတာသိချင်စိတ်ပြင်းပြလာကြသည်။

"ကဲ....​ပထမဆုံးယှဥ်ပြိုင်ပွဲ စတင်ပါပြီ....3..2..1..Go!!!"

ပြိုင်ပွဲဝင်တိုင်းကသူတို့သက်ဆိုင်သူတွေကိုချက်ချင်းကောက်ပွေ့ချီလိုက်ကြသည်။ပရိတ်သတ်တိုင်းနီးပါး၏အကြည့်မှာသိလိုစိတ်အပြည့်ဖြင့်ရှောင်ကျန့်တို့နှစ်ယောက်ဆီကျရောက်သွားကြသည်။

ဟေးလစ်ခ်ကရှောင်ကျန့်သာစိတ်ချမ်းသာရင်ဘာကိုမဆိုခွင့်ပြုပေးနိုင်သည်။ယခုလည်းအတူတူပင်။

သူကပြုံးပြုံးကြီးဖြင့်သူ့ကိုကိုသူ့ကိုပွေ့ချီမည်အားစောင့်ဆိုင်းနေလေသည်။ရှောင်ကျန့်ကချက်ချင်းပင်ဟေးလစ်ခ်၏ခန္ဓာကိုယ်ကြီးကိုအလွယ်တကူစွေ့ကနဲပွေ့ချီလိုက်သည်။

စီစဥ်တင်ဆက်မိန်းကလေးအပါအဝင်ပြိုင်ပွဲဝင်စုံတွဲတွေရော၊ပရိတ်သတ်များစွာ၏မျက်လုံးတွေပါလုံးဝပြူးကျယ်သွားကြသည်။ဒါကတကယ်ပဲလူမှဟုတ်ရဲ့လား။သူ့ထက်ပိုကြီးသည့်ခန္ဓာကိုယ်ကိုအသာလေးပွေ့ချီနိုင်ရအောင်အဲ့ဒီခန္ဓာကိုယ်သေးသေးလေးထဲမှာဘယ်လိုအား တွေများရှိနေလို့လဲ။

system 091 Tempat cerita menjadi hidup. Temukan sekarang