အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။

Comenzar desde el principio
                                    

မေ့ရှစ်စန်းသည် ကုရော့ဟိုင်၏ အနောက်မှ လိုက်ဝင်လာပြီး စုယန်ကို စိုးရိမ်စွာဖြင့် ကြည့်နေသည်။ စုယန်က သူ့ကို အကြည့်တစ်ချက်ပို့လိုက်သောအခါ မေ့ရှစ်စန်းသည် အခန်းထဲမှ ထွက်သွားပြီး တံခါး ပိတ်ခဲ့ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

စုယန်က ကုရော့ဟိုင်အား လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်သည်။

"ခေါင်းဆောင်ကု"

ကုရော့ဟိုင်၏ အကြည့်သည် စုယန်၏မျက်နှာပေါ်သို့ ကျဆင်းသွားပြီး အချိန်အတန်ကြာ ကပ်တွယ်နေသည်။

သူ၏တိတ်ဆိတ်မှုကြောင့် လေထုမှာ အနည်းငယ် ထူးဆန်းလာ၏။ စုယန်က သင့်တော်သော စကားကို ရှာမတွေ့သောကြောင့် သူနှင့်အတူသာ တိတ်ဆိတ်နေနိုင်သည်။

"မင်းမျက်ခုံးနဲ့ မျက်လုံးတွေက မင်းအမေနဲ့ တစ်ပုံစံတည်းပဲ"

ဤသည်မှာ မမျှော်လင့်ထားသော ကုရော့ဟိုင်၏ ပထမဆုံးပြောစကားဖြစ်သည်။

စုယန် ၎င်းကို ဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။

ကံကောင်းထောက်မစွာပင်၊ ခေါင်းဆောင်ကုက သူ၏တုံ့ပြန်မှုကို မစောင့်ဘဲ ရယ်မောကာ ဆက်ပြောလာပါ၏။ 

"ဒါပေမယ့် မင်းမျက်နှာကတော့ ကျူး....မင်းရဲ့အဖေနဲ့တူတယ်"

စုယန် အံ့သြသွားရသည်။

မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်ကို ရွာတစ်ရွာကနေ ခေါ်ပြီး မွေးစားထားတာဆိုတဲ့ ကောလဟာလတွေ ရှိတယ်မလား? သူက ဘယ်လိုလုပ်ပြီး..... မိစ္ဆာဂိုဏ်းချုပ်နဲ့ တူနိုင်မှာလဲ?

အိုး! ခေါင်းဆောင်ကုက သခင်ငယ်ရဲ့အဖေ ဘယ်သူဘယ်ဝါဆိုတာ တကယ်ပဲ သိနေတာလား?

"သိုင်းလောကရဲ့ ကောလဟာလတွေက တကယ်ကို အဓိပ္ပါယ်မရှိပါဘူးလေ"

ကုရော့ဟိုင်သည် အပြုံးမပျက်သော်လည်း သူ၏မျက်လုံးထဲမှ ခါးသီးမှုများကို မြင်နိုင်သည်။ 

"မင်းက သူ့သားမဟုတ်ဘူးဆိုတဲ့ ကောဟဟာလတွေ ရှိတာမှန်ပေမယ့် ငါ့အမြင်အရတော့.. မင်းက ဘယ်လိုလုပ် သူ့သားမဖြစ်နိုင်ရမှာလဲ?"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Donde viven las historias. Descúbrelo ahora