အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။

Ξεκινήστε από την αρχή
                                    

စက္ကူခေါက်နေစဉ်အတွင်း ဤစက္ကူကလေးများ အမှန်တကယ် ပျံသန်းနိုင်လျှင် မည်မျှကောင်းမည်နည်းဟု သူတွေးနေမိ၏။ သို့ဆိုလျှင် ကု‌ဖေးတိထံ စာပေးပို့နိုင်မည်ဖြစ်ပေသည်။

ကုဖေးတိ ဟိုမှာ အခြေအနေဘယ်လိုရှိမှန်း သူသိချင်သည်။ သူ့ထံသို့ စာတစ်စောင် ပေးပို့ဖို့ရာ ဤမျှလောက် ကြာမနေသင့်ပါချေ။

ဖြစ်နိုင်တာက... သူ ခေါင်းဆောင်ကုနဲ့ စကားတွေအများကြီး ပြောချင်သေးတာများလား? သူတို့သားအဖနှစ်ယောက်က မတွေ့တာကြာပြီဆိုတော့ အလွမ်းသယ်နေကြမှာပေါ့ ဟုတ်တယ်မလား?

ဒါမှမဟုတ်လည်း အဲ့လော့ကွေးဂိုဏ်းနဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေလို့နေမှာ။ ဒီလိုဆို နှစ်ရက်၊ သုံးရက်လောက်တော့ ကြန့်ကြာနိုင်
ပါတယ်လေ...

စုယန်သည် အတန်ကြာ စက္ကူခေါက်ပြီးနောက် ညောင်းညာငြီးငွေ့လာသဖြင့် ကုတင်ပေါ်၌ လှဲချလိုက်သည်။ သူသည် တည်းခိုခန်း၏ လက်ရာမြောက်စွာ ထွင်းထုထားသော မျက်နှာကျက်ကို
စိုက်ကြည့်နေရင်း သူ၏အတွေးများက ကုဖေးတိထံသို့ ပျံ့လွင့်သွား၏။

ထိုအချိန် တံခါးအပြင်ဘက်၌ အသံနှစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

"စံအိမ်သခင်!"

ခဏအကြာတွင် တံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။

စုယန် အံ့အားသင့်သွားကာ အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ အခန်းထဲသို့ ဝင်လာသော လူလတ်ပိုင်းအရွယ်အမျိုးသားကို သူ အံ့အာ့သင့်စွာ ကြည့်နေမိ၏။

ထိုလူသည် အသက်ကြီးပုံမရပေ။ သူ၏ ပုံပန်းသဏ္ဍာန်မှာ ထက်မြက်ကာ ဆွဲဆောင်မှု
ရှိနေဆဲဖြစ်ပြီး၊ ပုခုံးပေါ်ရှိ ပြန့်ကျဲနေသော ဆံပင်ဖြူအနည်းငယ်နှင့် မျက်လုံးများ၏ ထောင့်တွင် အရေးအကြောင်း အနည်းငယ်မျှသာ ရှိသေးသည်။

သူနှင့် ကုဖေးတိတို့၏ မျက်နှာသွင်ပြင်နှင့် အမူအရာတို့မှ တံဆိပ်ရိုက်ခတ်ထားသကဲ့သို့ တူညီနေ၏။ အစောပိုင်း တံခါးအပြင်ဘက်က ချွဲ့ရှို့နှင့် ချွဲ့ကျစ်တို့၏ ခေါ်သံကို မကြားလိုက်ရလျှင်တောင် စုယန်သည် သူ့ရှေ့ရှိလူကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα