Tom & Jerry...FINAL

1.3K 123 24
                                    

တစ်နှစ်ခန့်ကြာပြီးနောက်...

ဆောင်းကုန်လို့နွေတောင်ကူးနေပြီ ။ဒါမဲ့ သူ့အပေါ်ထားတဲ့ခံစားချက်တွေက မပြောင်းလဲသေး ။အရွက်ဝါတွေမြေပေါ်မှာခနေပြီ ။သူသစ်ရွက်ကြွေတွေပေါ်မှာ လမ်းလျှောက်နေခဲ့သည် ။ဂျောင်ကု သူ့ဆီကထွက်သွားပြီးနောက်မှာ သူဂျောင်ကုကိုချစ်နေမှန်းသိလိုက်ရသည် ။ဒါမဲ့ အချိန်တွေနောက်ကျသွားလေပြီ ။ဂျောင်ကုနဲ့လူချင်းလည်းမတွေ့ဖြစ်ပါ ။သူ့အကြောင်း တစိုးတစ်မျှမသိခဲ့ရပေ ။ခုချိန်ထိပေါ့ ။ဟိုဆော့ကလည်း ယွန်းဂီနဲ့ ယူပြီးပြီ ။ဂျီမင်ကလည်းမကြာခင် ထယ်ယောင်းနဲ့လက်ထက်တော့မှာ ။မပြောင်းလဲသေးတာ သူပဲ ။ခုချိန်ထိတစ်ယောပ်တည်းဖြစ်နေဆဲ ။

သူသတိလက်လွတ်လမ်းလျှောက်နေစဥ် ကားတစ်စီးပေါ်ကတွေ့လိုက်ရတဲ့မျက်နှာတစ်ခုကြောင့် သူ့ကမ္ဘာကြီးဟာ တုန့်ခနဲရပ်တန့်သွားသလို ။ဘေးမှာလည်း မိန်းကလေးတစ်ယောက်နှင့် ။ရယ်မောနေကြတာ သူ့ကိုတောင်မြင်ပုံမပေါ် ။တစ်ဖြေးဖြေးဝေးကွာသွားတဲ့ကားလေးကို ခံစားချက်မျိုးစုံရောယှက်ကာကြည့်နေမိသည် ။

ဟက်!ခုမှအရူးထနေတာပဲ ကင်မ်ဆော့ဂျင်!

ဒီလိုနဲ့ သူ့အိမ်ကို အထီးကျန်စွာလျှောက်လာရင်း..

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

At cafe shop🌹

Hs"ရား!မောင်မင်းကြီးသား အချိန်မရှိဘူး မြန်မြန်လာပါဟ!!

Sj သူဝင်လာလာချင်း အတင်းစွတ်ခေါ်နေတဲ့ဟိုဆော့ကို မကျေနပ်စွာကြည့်လိုက်ရင်း ဂျီမင့်ကျောကိုဗြောတစ်ချက်တီးပြီး ဝင်ထိုင်လိုက်သည် ။ကော်ဖီသောက်နေတဲ့ ဂျီမင့်ခမျာ ကော်ဖီသီးသွားရသည် ။

Jm"အဟွတ်!အဟွတ်!ချီးပဲ ဆော့ဂျင်!!

Hs"ဟက်ဟက်

Jm"သေနာ!!ရယ်မနေနဲ့!အပေါက်ကိုပိတ်!

နှုတ်ခမ်းတစ်ဝိုက်ကိုတစ်သျှူးဖြင့်သုတ်ရင်း ဟိုဆော့ကိုမျက်စောင်းခဲကာပြောလိုက်ပါသည် ။

J"ငါ့ကိုခေါ်တဲ့အကြောင်းအရင်းက?

Jm"အဟမ်း!ဒီလို..ငါနောက်အပတ်ထဲ လက်ထက်တော့မယ်..အဲ့တာ..

You've reached the end of published parts.

⏰ Last updated: Oct 21, 2022 ⏰

Add this story to your Library to get notified about new parts!

Tom and JerryWhere stories live. Discover now