Tom & Jerry...ep-8

844 102 22
                                    

"အားးး..ကျွတ်..ကျွတ်..ခေါင်းကိုက်လိုက်တာ~"

နာကျင်မှုကြောင့် ညည်းညူပြီးပြောလိုက်မိသည် ။

"နိုးရင်လည်းထတော့!အလုပ်လုပ်ရမယ်!"

"ဟင်?"

အခန်းထဲဝင်လာသူက ဂျွန်ဂျောင်ကု ။ဆော့ဂျင် ခုမှသေချာကြည့်မိတယ် ဒါသူ့အခန်းဟုတ်မနေဘူးဆိုတာ..။​ေစာင်ကို ဆွဲခြုံလိုက်ပြီး..

"ငါဒီကို ဘယ်လိုရောက်လာတာလဲ?"

"ကိုယ့်ဘာကိုယ်စဥ်းစားပေါ့!!"

"ပြောလိုက်လို့ ဘာဖြစ်သွားမှာလဲ?"

"အဲ့စောင်ကိုဖယ်ပြီး ေရသွားချိုးချေ!"

"ငါ့အဝတ်အစားတွေမင်းလဲပေးထားတာလား?"

"ဒီအိမ်မှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိတာ..ငါမလဲပေးလို့ ဘယ်သူလဲပေးမှာလဲ?"

Seokjin စောင်အောက်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးနေသည်။ဒါကိုရိပ်မိတဲ့ဂျောင်ကုလည်း ခေါင်းကို အသာခါယမ်းလိုက်ပြီး..

"မဟုတ်တဲ့အတွေးတွေ ရပ်လိုက်တော့~"

"ငါဘာတွေးလို့လဲ!!? "

"မင်းပဲသိမှာပေါ့!!"

"......."

"ရေချိုးပြီးရင် အပြင်ထွက်ခဲ့..ထမင်းစားမယ်!"

ဆော့ဂျင်လည်း ခေါင်းနောက်နေတာမို့ အမြန်ရေချိုးလိုက်တော့သည် ။

ဂျောင်ကု ဆော့ဂျင်အလာကို စောင့်နေသည် ။ထွက်လာပါပြီ သူ့အကျီ..တွေဝတ်ပြီးတော့ ။သူက ထွားတဲ့လူမို့ သူ့အကျီ..တွေနဲ့က ဆော့ဂျင်နှင့်အနည်းငယ်ကြီးနေသည် ။

"ဒါက မင်းပိုင်တာလား?"

"Aစပ်စုတာရပ်ပြီး ထမင်းစား..ပြီးရင် အလုပ်လုပ်ရမယ်!"

"ဘယ်သူကစပ်စုနေလို့လဲ~"

တစ်ကိုယ်ကြားရရုံသာ ပြောလိုက်သည် ။

"ကြားတယ်နော်!"

"နေပါဦး!ဒီနေ့က အလုပ်ပိတ်ရက်မလား..ဘာလို့ ငါကအလုပ်လုပ်ရမှာလဲ?"

"ငါက မင်းဆရာနော်..ပါးစပ်ပိတ်ပြီး ထမင်းစား"

"ပါးစပ်ပိတ်ပြီးနေရမလား?ထမင်းစားရမလား ဆရာကြီး~"

Tom and JerryWhere stories live. Discover now