Tom & Jerry...ep-10

904 99 37
                                    

Yg ဆေးရုံမှာ နှစ်ရက်လောက်နေပြီးနောက်..

တော်တော်ငြီးငွေ့စရာကောင်းလာပြီ ဒီဆေးနံ့တွေရောပဲ!

ဒေါက်..ေဒါက်..

"ဝင်ခဲ့!"

ဝင်လာသူက သူ့ဦးလေးနမ်ဂျွန်နှင့် ဂျောင်ဟိုဆော့ ။

"ဆောရီး ယွန်းဂီ..ဟိုနေ့တွေက အလုပ်တွေအရမ်းရှုပ်နေတာနဲ့ မင်းဆီကိုမလာဖြစ်ဘူး~"

Nj မှ အားနာနာနှင့်စကားဆိုလာသည် ။

"ကိစ္စမရှိပါဘူး..သေမယ့်လူမှမဟုတ်ပဲ!"

ထိုစကားကြောင့် သူတို့ကြား လေထုကြီးက အေးစက်သွားရသည် ။မနေနိုင်တဲ့ဟိုဆော့ကပဲ..

"ဒီအလာတုန်းက ဦးနဲ့ကျွန်တော် ဆေးရုံအုပ်ဆီဝင်ခဲ့သေးတယ်..စီအီးအို ဆေးရုံဆင်းချင်ရပြီတဲ့~"

"အင်း~"

"ဒါဆို..မင်းကိုကူညီဖို့ ချာတိတ်ကို ထားခဲ့လိုက်မယ်~"

"မလိုဘူး..သူ့ကိုကူညီလိုက်လို့ ဒီလိုဖြစ်ရတာ..သူက ကံဆိုးစေတဲ့လူပဲ!"

ယွန်းဂီရဲ့စကားကြောင့် နမ်ဂျွန် အံ့အားသင့်သွားသည် ။ဟိုဆော့လည်း မျက်လုံးအဝိုင်းသားဖြစ်သွားရသည် ။

"မင်း ဘယ်လိုပြောလိုက်တာလဲ ယွန်းဂီ~မင်းငါ့ကို အမြင်မကြည်ဘူးဆိုတာ ငါသိပါတယ်..ဒါမဲ့!"

"ဘာဖြစ်လဲ!? "

"မင်း!!"

"ဦး တော်ပါတော့!ကျွန်တော့်အတွက်နဲ့ စကားမများပါနဲ့တော့..ကျွန်တော်က စီအီးအိုမင်ပြောသလို ကံဆိုးတဲ့လူသားပါ.."

တစ်ဖြည်းဖြည်း ငိုသံပါလာတဲ့ ဟိုဆော့ ။နမ်ဂျွန် စိတ်ကိုထိန်းလိုက်ပြီး ဟိုဆော့လက်ကိုဆွဲကာ..

"မင်းနဲ့မပတ်သက်မိအောင် ငါတို့နေပါ့မယ်!"

ထို့နောက် ဆောင့်ပိတ်သွားသော တံခါး ။ယွန်းဂီကိုယ်တိုင်လည်း ဘာလို့ ဒီလိုတွေပြောလိုက်မှန်းမသိပါ ။ဝင်လာတဲ့ လူနှစ်ယောက်ကြောင့်လား?

ဘာလို့ ဦးလို့ခေါ်ရတာလဲ!!ပြီးတော့ ချာတိတ်?ဟက် ဘယ်လိုဆက်ဆံရေးမျိုးလဲ??

တစ်ကယ်တော့ ကျောင်းကတည်းက ဟိုဆော့အပေါ် စိတ်ဝင်စားခဲ့တာပါ ။ခုတော့ ~

Tom and JerryWhere stories live. Discover now