Tom & Jerry...ep-15

1K 92 27
                                    

🌚ကိုချစ်မြတ်နိုးသူများသာ ဖတ်ရန်👌

သူတို့ဂျယ်ဂျူမှာ ငါးရက်လောက်နေပြီး ဆိုးလ်ကိုပြန်လာခဲ့ကြသည် ။

ေဂျာင်ကုက သူတို့ချင်းတွဲနေပြီဆိုတာကို သူ့မိဘတွေကို ပြောပြချင်ပေမယ့် ဆော့ဂျင်ကအသိမပေးနှင့်ဦးဟုဆို၍ ပြောထားသောကြောင့် အသိမပေးခဲ့ရချေ ။

"ဂျောင်ကု!"

"ဗျာ!အဖေ!"

"ဘယ်တွေအတွေးပေါက်နေတာလဲ ငါပြောတာကိုရောကြားရဲ့လား?"

အဖေက စိတ်မရှည်စွာမေးလာသည် ။
ဂျောင်ကုမျက်နှာကို ဖြီးပြလိုက်ပြီး..

"မကြားလိုက်လို့ one more appa~"

"ဒီကောင်တော့!!"

ဖန်ခွက်နဲ့ကောက်ပေါက်တော့မယ့်အဖေ့ကို အမေက ခပ်မြန်မြန်တားလိုက်လို့သာပင် မဟုတ်ရင် အနည်းဆုံးငါးချက်လောက်ကတော့ မသာလေးချုပ်နေရပြီ!

"ရှင်ကလည်း!ဒေါသထွက်နေပြန်ပြီ!သေခါနီးကျမှ ဒေါသတွေထွက်လွယ်နေတာ ငရဲသွားချင်လို့ထင်တယ်!"

အမေက အဖေ့ကို ဆူသလိုပြောလိုက်သည် ။ထိုအခါအဖေက အ​ေမ့ကိုသတိထားနေဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပေသည် ။

"မနက်ဖန် ငါ့မိတ်ဆွေရဲ့သမီး ကိုးရီးယားကိုပြန်လာလိမ့်မယ်..အဲ့တာ မင်းသူ့ကိုလေဆိပ်မှာသွားကြိုပေးရမယ်! "

"သူကပြန်မလာတတ်လို့လား?"

"ဒီမှာ အသိဆိုလို့ငါတို့ပဲရှိတာလေ..ကောင်မလေး​က ကိုးရီးယားမဟုတ်ဘူး တရုတ်မလေး!နာမည်က ကျောက်ယွီယွီ~"

"ေကျာက်ယွီယွီ~နာမည်လေးကတော့မဆိုးပါဘူး..ကိုးရီးယားစကားတော့တတ်တယ်မလား?"

"တတ်တယ်!"

"မနက်ဖန်ဘယ်အချိန်သွားကြိုပေးရမှာလဲ?"

"ကိုးနာရီ!"

"သိပါပြီ~"

"ဒါနဲ့သား..ဂျင်လေးကို သင်ပေးရတာအဆင်ပြေလား?"

ထိုအခါ ဂျောင်ကုမျက်နှာပိုးမသေတော့ပါ ။

"ပြေပါတယ်..အစကတော့ဂျစ်ကန်ကန်လုပ်နေတာလေ!နောက်ပိုင်းကျွန်တော် သူ့ကိုဆုံးမလိုက်မှဦးကျိုးသွားတာ~"

Tom and JerryWhere stories live. Discover now