"မပြန်သေးဘူးလား?"
ညနေရောက်တဲ့ထိတိုင်အောင်အိမ်မပြန်သေးတဲ့ဂျွန်ဂျောင်ကု ။တစ်နေကုန် သူ့အနားကော်လိုကပ်နေသည့်အတွက်ကြောင့် ဆော့ဂျင်အနည်းငယ်စိတ်ရှုပ်ေနမိသည် ။သန့်စင်ခန်းသွားရင်လည်း ပွေ့ချီ ။အောက်ထပ်ဆင်းလည်းပွေ့ချီ ။အပေါ်ပြန်တက်တော့လည်းပွေ့ချီပြန်ရော ။သူနဲ့ကျမှကိုယ်က ဒုက္ခိတကြီးကိုဖြစ်လို့ ။
ခုလည်း သူ့ဘေးနားကနေ သူ့ကိုပြုံးပြုံးကြီးမေးထောက်ကြည့်နေသောဂျောင်ကုကို စိတ်ရှုပ်ရှုပ်နှင့် ပြောလိုက်ပါသည် ။
"ညအိပ်ရင်ကောင်းမလားနော်~"
"မင်းလင်အိမ်လား!? "
""အင်း!"
""ပြန်တော့ကွာ!"
"မပြန်ချင်ဘူးးးဘယ်လိုလုပ်ရမလဲ?"
"ချီးစားနေလိုက်!"
"စကားအကောင်းကိုမပြောဘူး!"
"ပြန်မှာဖြင့်ပြန်!"
ထိုအချိန် မြည်လာတဲ့ ဂျောင်ကုဖုန်း ။ဂျောင်ကု ဖုန်းကိုင်လိုက်ပြီး..
"အိမ်ပြန်လာခဲ့..ဒီမှာသမီးယွီယွီရောက်နေတယ်.."
"ဟုတ်ကဲ့အမေ!"
Jk Sj ကိုတစ်ချက်ကြည့်ပြီး ပြုံးပြကာ..
"ပြန်တော့မယ်နော် ဘေး~"
"ကြွ!!"
သူ့ကိုတစ်ချက်ကလေးမှမကြည့်ပါသော ဆော့ဂျင် ။ဂျောင်ကု ဆော့ဂျင်ပါးဖောင်းဖောင်းလေးကို နစ်ဝင်သည်အထိနမ်းပစ်လိုက်ပြီး..
"ကောင်းသောညပါ ဘေး~"
Sj မျက်စောင်းသာထိုးပစ်လိုက်ပါသည် ။
အခန်းထဲကနေ ဂျောင်ကုထွက်သွားသည်နှင့်အမျှ ဆော့ဂျင် တွေတွေလေးနေ နေမိသည် ။
သိပ်မကြားရပေမဲ့ သမီးယွီယွီဆိုတဲ့စကားကိုတော့ သူသေချာပေါက်ကြားလိုက်ပါသည် ။
ဂျောင်ကုနဲ့ဘာတွေလဲ??အဟား!ရူးသွားပြီ ကင်မ်ဆော့ဂျင်..သူနဲ့ဘာဆိုင်ဆိုင်မင်းအရေးမဟုတ်ဘူးလေ!
ပါးပြင်ပေါ်တစ်ပေါက်ချင်းကျဆင်းလာတဲ့ မျက်ရည်ဥများ ။ဆော့ဂျင်လက်ခုံနဲ့အသာသုတ်လိုက်ပြီး ခေါင်းမြီးခြုံကာ အိပ်စက်ခြင်းဆီသို့ ။
YOU ARE READING
Tom and Jerry
FanfictionJeon Jungkook ဟက်!ပုစွန်ဦးနှောက်နဲ့တက်မလာနဲ့ တောက်ချလိုက်မယ်! Kim Seokjin အဲ့အကောင်!!ဂျွန်ဂျောင်ကုဆိုတဲ့ ယုန်သွားနဲ့ကောင်ကို တစ်စက်ကလေးမှလကြည့်လို့ကိုမရဘူး!!