Tom & Jerry...ep16

788 87 26
                                    

Jk တစ်ယောက် လေဆိပ်ကိုသွားပြီး တရုတ်ကောင်မလေးကိုသွားကြိုပေသည် ။

သူကားကိုစမတ်ကျကျမှီပြီးစောင့်နေသည် ။လက်က နာရီကိုတစ်ချက်ကြည့်ကာ...

"ကိုးနာရီကျော်နေပြီကို ခုထိရောက်မလာသေးဘူး~"

"နိ!"

Jk လှည့်ကြည့်လိုက်တော့ တိုတိနေတဲ့ဂါဝန်အဝါနဲ့ကောင်မလေး ။သူ့ကိုကြည့်ပြီးပြုံးပြကာ..

"နိဟောင်!"

"အာညော်!"

Jk သူ့ရှေ့ထုတ်ပေးလာတဲ့ သူမလက်ကို မဆွဲပဲ ပြန်နှုတ်ဆက်လိုက်သည် ။သူမက မျက်နှာတစ်စက်ကလေးမှမပျက် ။

အဲ့တာတွေဂရုမစိုက် ။သူက မိန်းမ​တွေ နဲ့ဓာတ်မတည့်ဘူးလေ!

ထို့နောက် ကောင်မလေးရဲ့အထုတ်တွေကို ကားနောက်ထဲထည့်လိုက်ပြီး နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည် ။ထိုအခါ ပြူး​ကြောင်ကြောင်နှင့်ကြည့်လာသော သူမ ။

"ဘာကြည့်နေတာလဲ!? တက်လေ!"

"အရှေ့ခန်းမှာပဲထိုင်မယ်!"

ပြောပုံကိုက အမြင်ကပ်စရာ ။မိန်းကလေးတွေကို ဦးစားပေးမဲ့ထဲ ဂျွန်ဂျောင်ကုတို့မပါဘူး ဆောရီး မိန်းကလေး!ဟက်!

"ရှေ့ခန်းက အစ်ကို့ကောင်လေးအတွက်သီးသန့်!သူပဲ ထိုင်ခွင့်ရှိတာ!"

သူမက သူ့ထက်အသက်ငယ်သည်မို့ အစ်ကိုလို့သုံးနှုန်းလိုက်သည် ။ဒါကို ရှေ့ကကောင်မလေးက ဘာတွေသဘောကျနေသည်မသိ ။ပြုံးစိစိလုပ်နေသည် ။

"မတက်ရင်နေခဲ့တော့!"

"အာ..အာ..လိုက်မယ်!"

ထို့နောက် ကားတံခါးကို အသံမြည်အောင်ပိတ်လိုက်ပြီး သူမနေမဲ့နေရာသို့ လိုက်ပို့လိုက်သည် ။

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

Jk ထိုမိန်းကလေးကိုလိုက်ပို့ပေးပြီး ဆေးတွေဝယ်ကာ ဂျင့်အိမ်သို့ ။
မနေ့က သူ့လုပ်ရက်ကြောင့် ဆော့ဂျင်အလုပ်ကိုလာနိုင်မည်မဟုတ် ။ဒါ့ကြောင့် တွေ့ချင်တဲ့သူကပဲ သွားတွေ့ရမည်မဟုတ်ပါလား?

"အော်..သားဂျောင်ကုပဲ!ဆော့ဂျင်ဆီလာတာလား?"

"ဟုတ်ကဲ့အန်တီ~"

Tom and JerryWhere stories live. Discover now