Tom & Jerry ep-3

967 116 21
                                    

ဆော့ဂျင်ဟိုနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုတွေးမိတိုင်းဂျွန်ဂျောင်ကုကိုပိုပြီးဒေါသထွက်ရသည် ။အဲ့နေ့က သူ့နှုတ်ခမ်းတွေဆို သွေးပင်ဆို့သွားခဲ့ရသည် ။အေးလေ နမ်းရုံတင်မကဘူး သွားနဲ့ပါ ကိုက်ခံရတာမလား??! အိမ်ရောက်တော့လည်း အမေကဘာဖြစ်တာလဲတဲ့?လိမ်လိုက်ပါတယ်!ခုံ​ေစာင်းနဲ့တိုက်မိတာလို့!!ကျောင်းကိုလည်းမသွားပဲ ခွင့်ယူခဲ့လိုက်တယ် ။

ဒီနေ့တော့ လွတ်သွားတဲ့စာတွေကို ပြန်ပြီးလုပ်ရလိမ့်ဦးမယ်!ဟင်း~

Tom & Jerry >>>Kookjin>>>

ဆော့ဂျင်အခန်းထဲရောက်တော့ မြင်လိုက်ရတာက သူ့ခုံပေါ်မှာတင်ထားတဲ့ သကြားလုံးထုပ် ။
သကြားလုံးကိုမြင်တာနဲ့ ဟိုကောင့်မျက်ခွက်ကို အပြေးမြင်မိပြီး ဒေါသကထွက်ရသေးတာ ။

သူထိုသကြားလုံးထုပ်ကို စိုက်ကြည့်နေတုန်း..

Jm"အဲ!!သကြားလုံးတွေပါလားဟ!အဟီးးးးဂျင်တို့ကတော့စွံနေတော့တာပဲ!

ပြုံးစိစိနဲ့ပြောလာတဲ့ သူငယ်ချင်းဖြစ်သူလေးကို မျက်စောင်းပစ်ကျွေးလိုက်ပြီး ခုံပေါ်ကဘသကြားလုံးကို ယူလိုက်သည် ။

သကြားလုံးထုပ်ကိုစစ်ဆေးကြည့်တော့ ကျောနောက်ဖက်မှာရေးထားတာက..*အစားပြန်ပေးတာ~*

တောက်!!!

ဂျင်တောက်ခေါက်လိုက်တော့ ဟိုဆော့က..

H"ဘာဖြစ်လို့ဒေါသထွက်နေရတာလဲ?ဂျင်ရာ~

Jm"ေအးလေ!သကြားလုံးထုပ်လေးမြင်တာကို မသိရင် ဟိုးးးဘဝက အခဲမကျေခဲ့တဲ့ ရန်သူတော်ကြီးကိုတွေ့လိုက်ရတာကျလို့!!

ဘုမသိဘမသိပဲ ပြောနေကြတဲ့ နှစ်ကောင်ကို ဆော့ဂျင်မှ..

"အေး!!အဲ့ရန်သူတော်ဆိုရင်တောင်ငါ ပြုံးပြလိုက်ဦးမယ်!ခုက ဟို​!!"

စကားကိုတိခနဲရပ်ပစ်လိုက်ပါသည် ။
ပြောလို့မဖြစ်သေးဘူး မဟုတ်ရင် ဒ​ီနှစ်ကောင်က အရစ်ရှည်ပြီးထပ်မေးဦးမယ်လအဲ့ခါကျရင်ငါ အနမ်းခံရတာကိုပါ!!အီးးးမုန်းလိုက်တာ ချီးပဲ!!

လက်ညှိုးထိုးပြီး ကြောင်ကြောင်ကြီးသတိလစ်နေတဲ့ ဆော့ဂျင်ကို ဟိုဆော့မှပခုံးပုတ်လိုက်ပြီး..

Tom and JerryWhere stories live. Discover now