Tom and Jerry-ep-2💜💙

1.2K 134 26
                                    

ကြီးမားပြီး လှပဝင့်ထယ်နေတဲ့ကျောင်းတော်ကြီးကို မော့ကြည့်နေသောကောင်လေး..။
ထိုကောင်လေးအပြုံးတွေဟာ မြင်သူတိုင်းအဖို့ ရင်အေးစေမည့်အပြုံး..။
ပါးချိုင့်ပိစိလေးတွေပေါ်အောင်ထိ ပြုံးလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်..။

"ဟင်း!ကျောင်းသစ်ကိုပြောင်းလာရတာလည်း ရင်တုန်စရာ..ငါ့အခန်းကဘယ်မှာလဲမသိဘူး..တစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်လိုက်ရင်ကောင်းမလား??တောင်းကြည့်လိုက်မယ် ငါ့လိုအချောလေးကို ကူညီမယ့်သူရှိမှာပါ.."

သူ့ဘာသာတစ်ယောက်ထဲစကားပြောနေသော ဟိုဆော့..။

ထိုစဥ် သူ့ဘေးနားကနေ ဖြတ်လျှောက်သွားတဲ့ လူတစ်ယောက်..။

သူထိုလူ့ကျောပိုးလွယ်အိတ်ကို နောက်ကနေ အသာလှမ်းဆွဲလိုက်တော့ လှည့်ကြည့်လာတဲ့ထိုလူ..။
မျက်မှောင်တွန့်ချိုးထားတာ ရုပ်ကလေးနဲ့မှမလိုက်..။
ပြုံးနေရင် ချောမယ့်ဟာကို..။
ဝါး အသားကလည်းဖြူဖွေးနေရောပဲ..သွေးစုပ်ဖုတ်ကောက်နဲ့တောင်တူနေသလို..။

သူအတွေးလွန်နေတာ ထိုလူ့အသံကြားမှ ပြန်အသိဝင်လာသည်..။

သူထိုလူ့အိတ်ကိုဆွဲထားရာကနေ လွှတ်ပေးလိုပ်ပြီး မူပိုင်အပြုံးလေးပြုံးပြလိုက်သည်..။
ထိုလူ့မျက်ခုံးတန်းတွေက စောနကထက်ပိုပြီး တွန့်ကြုတ်သွားသည်..။

"နွားကုန်သည်ထင်နေတာလားငါ့ကို?"

"ဟမ်!!"

"ကျစ်!လူကြည့်တော့ အူကြောင်ကြောင်နဲ့!ငါ့ကိုဆွဲတာ ဘာလို့လဲ?"

"ဟို.."

သူ့ရှေ့က လူသားလေးကို ယွန်းဂီစူးစိုက်ကြည့်လိုက်သည်..။
အမြဲတမ်းဒီလိုပြုံးနေတာပဲလား???

ထိုကောင်လေးက သူ့အကျီ..ပေါ်က နာမည်ကဒ်ကိုကြည့်ပြီး အသံထွက်ပြီး ခေါ်လာသည်..။

"မင်...ယွန်း...ဂီ.."

"စာမဖတ်တတ်ဘူးလား??တစ်လုံးချင်းစီဖတ်နေတာ! "

"စာဖတ်တတ်ပါတယ်!!စာလုံးတွေကသေးနေလို့!!"

"လိုရင်းပဲပြော!!"

Tom and JerryWhere stories live. Discover now