Tom & Jerry.. ep-6

880 105 22
                                    

At hospital...

"လူနာက ခြေခေါက်သွားတာပါ..တစ်ခြားဘာမှတော့ဖြစ်မသွားပါဘူး~"

Nj"ဟုတ်ကဲ့..ဟို သောက်ဆေးရောပေးလိုက်ပါဦး ဒေါက်တာ!

"ဟုတ်ကဲ့ပါဗျာ..ဒါဆို ခွင့်ပြုပါဦး.."

Nj"ဟုတ်ကဲ့!

ဆရာဝန်ထွက်သွားပြီးနောက်..

"သက်သာလား ချာတိတ်..ဘယ်နားနာနေသေးလဲ??"

"သက်သာသွားပါပြီ ဦးရဲ့..နည်းနည်းပဲနာတော့တာပါ..ဟီးးးး"

"အင်းပါ..ဒါဆို ဦးနဲ့လိုက်ခဲ့!"

"ဘယ်ကိုလဲ??"

"ချာတိတ်က အလုပ်လာလျှောက်တာမလား?ဦးရဲ့အတွင်းရေးမှုးလုပ်ပေးနိုင်မလား?"

"ဗျာ!အဲ့တာက??"

"ဦးကိုမခင်ဘူးလား ချာတိတ်!"

"ခင်ပါတယ်..လေးလည်းလေးစားပါတယ်..ဒါမဲ့ကျွန်တော်က~"

"လုပ်ပါနော်~"

ဟိုဆော့ သူ့ရှေ့က လူကြီးကို သေချာစိုက်ကြည့်လိုက်ပြီး..

"ကောင်းပါပြီဗျ.."

"ဒါဆို ဒီနေ့တော့နားလိုက်နော်..ချာတိတ်နေကောင်းမှပဲ အလုပ်စဆင်း ဟုတ်ပြီလား?"

"ဟုတ်ကဲ့!"

"ဒါဆို တစ်ခုခုသွားစားကြမလား?"

"ဟုတ်!"

သူပြောလိုက်တော့ ဦးက သဘောကျစွာပြုံးပြီးသူ့ဆံပင်တွေကို ထိုးဖွလာသည် ။အခန်းပြင်ရောက်တဲ့အထိ သူ့လက်တွေကို ဦးကဆုပ်ကိုင်ပြီး တွဲပေးထားတုန်း..

"ဟိုဆော့!!!"

အသံကြားရာလှည့်ကြည့်လိုက်တော့ သူတို့ဆီပြေးလာနေတဲ့ ဆရာဝန်လေး ။

"ဘာဖြစ်လို့လဲ!!? ခြေထောက်မှာလည်း ပတ်တီးကြီးနဲ့!"

"ငါ ခြေခေါက်လဲရုံပါ.."

"ဒါနဲ့!"

မေးဆက်ပြီး လူကြီးကိုမေးလာသော ဂျီမင်..။

"ဒါငါ့သူဠေးလေ!Kim Namjoon တဲ့..ဦး..သူက ကျွန်​ေတာ့်သူငယ်ချင်း ပတ်ခ်ဂျီမင်တဲ့~"

"တွေ့ရတာဝမ်းသာပါတယ် ဂျီမင်..ဦးကို ဟိုဆော့လိုပဲ ဦးလို့ခေါ်ပေါ့.."

Tom and JerryWhere stories live. Discover now