Tom & Jerry...ep-11

838 101 18
                                    

Jk တို့ပရောဂျက်အသစ်အတွက် အစည်းအဝေးလုပ်နေကြခြင်းဖြစ်သည် ။

??"စီအီးအို တင်ပြတဲ့ပရောဂျက်အသစ်က အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်..ဒါမဲ့ ရင်းနှီးတာက အရမ်းများနေသလားလို့!

Jk"တစ်ခုကိုလိုချင်ရင် တစ်ခုကတော့ ပေးဆပ်ရမှာပဲမဟုတ်လား?တန်ဖိုးမြင့်တာကိုလိုချင်ရင်တော့ အရင်းအနှီးကြီးမှာက သဘာဝပဲ!

??"ဒါဆို ကျွန်တော်တို့ ထောက်ခံပါတယ်..စီအီးအိုကို ယုံကြည်ပါရစေ..

Jk"ဒါဆို အစည်းအဝေးက ဒီလောက်ပါပဲ!

ရှယ်ယာရှင်တွေအသီးသီးထွက်သွားပြီးသည့်နောက် သူဂျင့်ကို ကြည့်လိုက်တော့ ပစ္စည်းတွေကောက်သိမ်းနေသည် ။ဆော့ဂျင်လက်ကို လှမ်းဆုပ်ကိုင်လိုက်တော့ သူ့ကိုမော့ကြည့်လာသည် ။

"ကျစ်!လွှတ်စမ်းပါ!"

စိတ်ရှုပ်စွာပြောလာတဲ့ဆော့ဂျင်ဟာ သူ့လက်တွေကိုအတင်းဖယ်ချလျှက် ။သူလည်း အသာတကြည်လွှတ်ပေးလိုက်ပါသည် ။

"ငါမနက်ဖန်ရုံးမဆင်းဘူး!"

"ဘာလို့လဲ!? "

"ငါပြောပြီးပြီလေ ငါ့သူငယ်ချင်းတွေနဲ့ခရီးသွားမှာလို့!"

"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ?"

"ကျစ်..ရစ်နေတာတွေတော်တော့ မင်းကိုယ်မင်းမိန်းကလေးများမှတ်နေသလားဂျွန်ဂျောင်ကု!"

"မမှတ်ပါဘူး..ကိုယ့်ကောင်လေးကို မေးတာကရစ်တာဖြစ်သွားတာတော့ ကိုယ်လည်းမတတ်နိုင်ဘူး~"

"ဟက်..ဘယ်သူကမင်းကောင်လေးလဲ!!? "

"မင်းလေ!"

"......"

"ဘယ်လိုလဲ?ရင်ခုန်သွားပြီလား?"

"အင်း!"

"ဟားဟား..ကိုယ့်စကားကိုမင်းရင်ခုန်သွားမယ်လို့မထင်ဘူး~"

"ငါသာရင်မခုန်ရင် သေသွားမှာပေါ့!"

ဘုကလန့်ပြောလာတဲ့ဆော့ဂျင်စကားကြောင့်ဂျောင်ကုမှာ ရယ်ရခက်ခက်ပင် ဖြစ်သွားရသည် ။

"ဖယ်!"

သူ့ပခုံးကို ဇွတ်ဝင်တိုက်ပြီးထွက်သွားသော အနှီလူသား ။

Tom and JerryWhere stories live. Discover now