ဒီအရူးကောင်ကတော့ချူးလျန်ကသူမိန်းမကိုဒီကောင်ကဘာလို့အမြန်ကြီးပြေးသွားရတာလဲ၊ ဒီကောင်အသက်ရှင်ရတာပင်ပန်းနေပြီနဲ့ တူတယ်။

အမှန်တကယ်တော့ရှောင်ဟုန်ယုကချူးလျန်အတွက်အပြေးအလွှားသွားတာမဟုတ်ဘူး၊ သူစိတ်ထဲမှာချူးလျန်ဆိုတာအရသာရှိတဲ့အစားအသောက်တွေဆန်ပြုတ်တွေနဲ့ညီမျှနေတယ်။

ရှေ့တန်းနဲ့နယ်ခြားစောင့်တပ်ရဲ့အကွာအဝေးကအနည်းငယ်တော့လှမ်းသေးတယ်။

ညီအစ်ကို၂ဦးကအပြန်ခရီးမှာအပြိုင်စီးရင်စကားစမြည်ပြောလာကြတယ်။

" အကိုဟေး ၊မရီးကဘာလို့စစ်တပ်ထဲကိုလာတာလဲ "

“မယ်တော်ကြီးရဲ့အမိန့်နဲ့လာတာ”ဟေးချန်ဒီကတိုတိုတုတ်တုတ်ပြန်ဖြေတယ်၊ သူကနဂိုကတည်းကစကားနည်းသူဖြစ်တယ်။

ရှောင်ဟုန်ယုကလည်း ဉာဏ်ကောင်းတဲ့သူဖြစ်တော့ ဘာပြောလဲဆိုတာကိုနားလည်သွားပြီး ခေါင်းညိမ့်ပြလိုက်တယ်။

" အကိုဟေး ကျွန်တော်တော့ မရီးကို တကယ်ဘဲ လေးစားမိသွားပြီ၊ အဖေက ကျွန်တော့်ကို ဒီစစ်တပ်ထဲ လာဖို့  တုတ်နဲ့ ရိုက်ပြီး ကြိမ်းမောင်းခဲ့တာ၊ မရီးလို နုနုနယ်နယ် မိန်းမငယ်လေး တစ်ဦးအတွက်တော့ ဒီလိုနေရာကြီးကို လာဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး "

ရှောင်ဟုန်ယုရဲ့ သာမန်ကာလျှံကာပြောလိုက်တဲ့ စကားလုံးတွေက ဟေးချန်ဒီကို တောင့်တင်းသွားစေတယ်၊ သူ့ရဲ့ မူလကလို အေးစက်နေတဲ့ ပုံစံကတောင်အနည်းငယ်လျော့ကျသွားတယ်၊။

ဒါပေမာ့် ရှောင်ဟုန်ယုကတော့ သူ့ရဲ့ သာမန်စကားလုံးလေးတွေက ဟေးချန်ဒီရဲ့ နှလုံးသားထဲမှာ ဘယ်လောက်တောင် ပျားပန်းခတ်လှုပ်ရှားသွားမှန်း မသိခဲ့ဘူး။

ရုတ်တရက် ရှောင်ဟုန်ယုက တစ်ခုခုကို သတိရသွားတယ်၊ သူ့မျက်နှာပေါ်က ရွှင်လန်းမှုက ပျောက်ကွယ်သွားပြီးတော့ ရုတ်တရက် ရှက်ကိုး ရှက်ကန်းဖြစ်လာတယ်။

ရှောင်ဟုန်ယုက ခဏလောက်တုန့်ဆိုင်းနေပြီးတော့ မေးလာတယ် " အကိုဟေး မရီးက ကျွန်တော်တို့တဲထဲတော့ သွားမနေလောက်ဘူး မဟုတ်လား "

You've reached the end of published parts.

⏰ Last updated: Oct 15, 2022 ⏰

Add this story to your Library to get notified about new parts!

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now