Tom & Jerry...ep-18

Start from the beginning
                                    

Black card ကိုထိုမိန်းကလေးထံပေးလိုက်သူက ဂျောင်ကု ။ဆော့ဂျင်ပေစောင်းစောင်းကြည့်လိုက်ပြီး..

"အဲ့ကဒ်နဲ့မရှင်းဘူး ဒီကဒ်နဲ့ရှင်းမှာ!"

Jk ကဒ်ကိုယူလိုက်ပြီးသူ့ကဒ်ကိုပေးလိုက်သည် ။တစ်ဖန်ဂျောင်ကုမှ ဆော့ဂျင်ကဒ်ကိုယူလိုက်ပြီး သူ့ကဒ်ကိုပေးလိုက်ပြန်ပါသည် ။ဒီလိုနဲ့ပေးလိုက်ယူလိုက်နှင့်လုပ်နေတာ အလယ်ကမိန်းကလေးမှာစိတ်ရှုပ်လာရပါသည် ။

"လူကြီးမင်းတို့အရင်ညှိလိုက်ကြပါဦးရှင့်~"

Sj Jk ကိုခပ်စိုက်စိုက်ကြည့်ပြီး..

"ငါဝယ်တာငါ့ဘာငါရှင်းမယ် ok? "

"ကိုယ့်ချစ်သူဝယ်တာကိုယ်ရှင်းမယ်!ok? .

နှစ်ယောက်သား အကြည့်ချင်းစစ်ခင်းနေကြပါသည် ။တင်းမာလာတဲ့အခြေအနေဟာ လျော့မသွားသေး ။

"Okလေ!!မင်းရှင်းလိုက်!"

Jk နှုတ်ခမ်းတစ်ဖက်တွန့်ကွေးသွားအောင်ထိပြုံးလိုက်ပြီး သူ့ကဒ်ကိုသာထိုးပေးလိုက်သည် ။

#######

ကားပါကင်ထိရောက်တဲ့အထိဆော့ဂျင်သူ့ကိုစကားမပြောသေး ။ဂျောင်ကု ဆော့ဂျင်လက်ကိုဆွဲလိုက်တော့ အကြမ်းပတမ်းပုတ်ချခြင်းကိုခံလိုက်ရပါသည် ။သူ့ကို ခပ်စိမ်းစိမ်းကြည့်လာတဲ့ ဆော့ဂျင်..ဂျောင်ကုမျက်နှာမှာ သနားစရာအရိပ်တွေဟာပြည့်နှက်နေခဲ့သည် ။

"ကိုယ်ရှင်းပြတာတစ်ခါလောက်ပဲနားထောင်ပေးပါ ဘေး~"

"ဘာမှရှင်းပြစရာမလိုဘူး..မင်းကောင်မလေးရော?"

"ကျစ်!သူက ကိုယ့်အဖေမိတ်ဆွေရဲ့သမီးပါ..ကိုယ့်ကောင်မလေးမဟုတ်ဘူး.."

"ဘယ်သူကမေးနေလို့လဲ?"

"မင်းစိတ်ဆိုးနေတာလေ..အာညီး!အထင်လွဲနေတာလေ..ကိုယ်ရှင်းပြရမှာပေါ့!"

"မိတ်ဆွေရဲ့သမီး?..ပြီးရင် အဆင့်တက်လာတော့မှာ ဟက်!"

"ဘေး!ဘာတွေပြောနေတာလဲ?"

"........"

"နေမကောင်းဘူးမလား?အပြင်ဘာလို့ထွက်လာတာလဲ?"

"ငါ့ကိစ္စပါ!!ငါသွားချင်သွားမယ် လာချင်လာမယ်!ok? "

Jk Sj ကိုစိတ်ပျက်သလိုကြည့်နေမိသည် ။

Tom and JerryWhere stories live. Discover now