Tom & Jerry...ep-17

Start from the beginning
                                    

ဘာမှလည်းမတွေးချင်ဘူး..ဘာမှလည်းမလုပ်ချင်တော့ဘူး..
ရင်ဘက်ထဲကနာလိုက်တာ..ဘာလို့များလဲ??

#######

Jk အိမ်ကိုရောက်တော့ ထမင်းဝိုင်းမှာ စကားပြောနေကြတဲ့ အမေတို့ ။ရယ်သံတွေကလည်း ညံလို့နေသည် ။

"သမီးလေးက ဆည်းလည်းလေးပဲကွယ်.."

"အဟီး!ကျေးဇူးပါ အန်တီ!"

ကိုးရီးယားသံမပီ့တပီနှင့်သူမကို အမေက ပြုံးပြီးကြည့်နေသည် ။ရပ်နေတဲ့သူ့ကိုမြင်တော့အဖေက..

"လာလေ!"

"သားလာ!ထမင်းစားရအောင်.."

Jk အဖေ့နားမှာဝင်ထိုင်လိုက်ပြီး..

"ဂျင်တို့အိမ်ကစားလာပြီးပြီ~"

"အော်!"

"ဒါနဲ့ သမီးယွီယွီကိုမနက်ဖန် လျှောက်လိုက်ပို့လိုက်ပါဦး.."

"ဟာအမေကလည်း..ကျွန်တော် အလုပ်သွားရမယ်လေ!"

"မင်းဒီနေ့အလုပ်မသွားဘူးဆို.."

သူ့ကိုစေ့စေ့ကြည့်ကာပြောလာတဲ့အဖေကြောင့် သူမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်မိသွားသည် ။သူ့ရှေ့က ဖန်ခွက်ထဲကရေကို တစ်ငုံသောက်လိုက်ပြီး..

"ဂျင်နေမကောင်းလို့လေ..အဲ့တာ သူ့ကိုသွားကြည့်ရင်းနဲ့ အိမ်မှာဘယ်သူမှမရှိလို့ စောင့်နေပေးလိုက်တာ.."

သူ လိမ်လိုက်ပါသည် ။အဖေကသူ့ကိုခေါင်းတရမ်းရမ်းနဲ့ကြည့်ပြီး..

"အမြဲတမ်းရန်သတ်နေကြတဲ့နှစ်ယောက်က တည့်တယ်ပေါ့လေ.."

"ဒီလိုပါပဲ..အရင်လိုတော့ မဟုတ်တော့ပါဘူး.."

"ထားပါ..ဘာပဲဖြစ်ဖြစ် မနက်ဖန်သမီးယွီယွီကို မြို့ထဲလျှောက်ပြလိုက်ဦး!"

Jk သူ့ရှေ့က ထိုကမလေးကို ကြည့်လိုက်မိသည် ။သူ့ကို ပြုံးပြလာပြီး..

"နော်..ကိုကို..လိုက်ပို့နော်!"

ချစ်စရာကောင်းတဲ့အမူအရာနဲ့သူမကို အမေကသဘောကျစွာကြည့်နေပေမယ့် သူကတော့ အရေးမလုပ်စွာ လျစ်လျူရှုထားလိုက်သည် ။

######

Jk ဖုန်းကိုကိုင်ပြီး အခန်းထဲမှာ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်ဖြင့်ဂနာမငြိမ်ဖြစ်နေသည် ။၉ နာရီဆိုပေမဲ့ ဆော့ဂျင်ကနေမကောင်းတာမို့အိပ်ပျော်နေမည်ထင်ပါသည် ။သို့ပေမယ့် စိတ်ပူတာကြောင့်

Tom and JerryWhere stories live. Discover now