Ep-13(Zawgyi+Uni)

4.6K 304 4
                                    

zawgyi

"ဟာ..ဆရာ ထားလိုက်​ပါ ကျွန်​​တော်​မလိုက်​ပါ့မယ်​!"

မော်​ကွန်း ပန်းအိုး​လေး​ရွှေ့ဖို့ ​ကောက်​မရုံရှိ​သေး ပိုင်​ပိုင်​က
အတင်း​ပြေးလာကာ ​ကောက်​ယူသွားသည်​။
အားလုံးကလည်း ပိုင်​ပိုင့်​အား အထူးအဆန်းလိုက်​ကြည့်​​နေကြသည်​။အ​ကြောင်းသိ​​နေသည့်သူနဲ့ဂျူးဂျူးက​တော့
ဘာမှထူးဆန်းမ​နေ​တော့။

"ဆရာ..ဘယ်​နား​ထားရမလဲ?"

"ဟမ်​..ဟိုနား​လေးထားလိုက်​.."

မော်​ကွန်း လက်​ညှိုးထိုးပြသည့်​​နေရာအား ​ပိုင်​ပိုင်​က ​သေချာတင်
လိုက်​သည်​။
ပြီး​နောက်​ အားလုံးကိုယ့်​အလုပ်​ကိုပြန်​လုပ်​ကြသည်​။

"ပိုင်​ပိုင်​"

"​ဟေ.."

"မင်းဆရာ့အ​ပေါ်ရိုးသားရဲ့လား?"

သူငယ်​ချင်းတစ်​​ယောက်​၏အ​မေး​ကြောင့်​ ပိုင်​ပိုင်​မျက်​လုံးပြူးသွား
သည်​။သူ့ပုံက ဆရာ့ကိုကြိုက်​​နေသည့်​ပုံမျိုးဖြစ်​​နေလို့လား?
သူက ဆရာ့ကိုစိုးရိမ်​တယ်​ဆိုတာ ဆရာ့ဗိုက်​ထဲ ကိုယ်​ပွား​လေး
ရှိ​နေလို့။ကိုယ်​၀န်​သည်​​တွေကို စာနာလို့ပါ။

"ဘာလို့​မေးတာလဲ ​ဟျောင့်​"

"မသိဘူး​လေ..မင်းကအရမ်း အကဲပို​နေသလားလို့..ဟိုတစ်​​နေ့
ကလည်း ဆရာတံခါး​ပေါက်​မှာ dream catcherချိတ်​​နေတုန်း
ကလည်း အတင်းဆွဲယူပြီး ချိတ်​​ပေးတယ်​..ဆရာ့ကားကိုလည်း
ကိုယ်​တိုင်​​မောင်းပြီး အိမ်​ပြန်​ပို့​ပေးတယ်​..​ဟို​နေ့က ဆရာ ​ခေါက်​ဆွဲ
ပြုတ်​ အစပ်​​တွေစား​နေတုန်းကလည်း မင်း.."

"ကိုယ့်​အလုပ်​ကိုလုပ်​ကြစမ်း!"

ဘယ်​အချိန်​ကတည်း သူတို့​နောက်​​ရောက်​​နေမှန်းမသိတဲ့ ဆရာမဂျုဂျူးအား မြင်လိုက်​ရ​သောအခါ အသက်​ရှူရပ်​မတတ်
ဖြစ်​သွားရသည်​။

"ပိုင်​ပိုင်​ ငါ့​နောက်​လိုက်​ခဲ့!"

ပိုင်​ပိုင်​ ​ကြောက်​​ကြောက်​လန့်​လန့်​ဖြင့်​ပါသွား​လေ​တော့သည်​။
နောက်​ပြန်​လှည့်​ကြည့်​​တော့လည်း သူငယ်​ချင်းများက
အ​ခြေအ​နေမ​ကောင်းဘူးဆိုသည့်​ ပုံစံဖြင့်​ ​ခေါင်းရမ်းပြသည်​။

My only treasure is you(completed)On viuen les histories. Descobreix ara