Ep-38(Zawgyi+Uni)

4.7K 270 5
                                    

zawgyi

"သမီး​ရော?"

ခေမဟာ အလုပ်​မှ ပြန်​လာ​တော့ ​မော်​ကွန်းဟာ
ဧည့်​ခန်းထဲတွင်​ထိုင်​​နေသည်​။သားနဲ့သမီးကို
မ​တွေ့ရသည်​မို့ ​ခေမဟာ​မေးမိ​တော့

"မမနဲ့လာ​ခေါ်သွားတယ်​"

"ဘယ်​လို?"

"..."

ခေမဟာ ​မော်​ကွန်း​ဘေးဝင်​ထိုင်​လိုက်​ကာ မျက်​​မှောင်​ကြုတ်​ရင်း

"ဘာလို့ထည့်​​ပေးလိုက်​ရတာလဲ?"

"ဒါဖြင့်​ ကျွန်​​တော့်​က ဘာလုပ်​ရမှာလဲ?
'မသွားနဲ့ 'လို့တားလို့ရ မလား?..ကျွန်​​တော့်​မှာအဲ့လိုလုပ်
ဖို့အခွင့်​အ​ရေးမရှိဘူး..သူတို့ကသားအမိ​တွေ"

ခေမဟာ စိတ်​​လျှော့သလို သက်​ပြင်းချလိုက်​မိသည်​။

"အဲ့မိန်းမထားရင်​ သမီးအကျင့်​ပျက်​သွားလိမ့်​မယ်​.."

"ခင်​ဗျားက​ရော အကျင့်​​ကောင်း​နေလို့လား?"

"​မော်​ကွန်း မင်းကိုယ့်​ကိုမရွဲ့နဲ့!ရှုမ၀ ဘယ်​​လောက်​ယုတ်​မာ​ကြောင်း
မင်မသိလို့ဒီစကား​တွေ​ပြော​နေတာ"

"ဒါဖြင့်​​ပြော​လေ..ခင်​ဗျား​ပြောမှကျွန်​​တော်​သိမှာ​ပေါ့!"

သူ​မေး​တော့ ​ခေက သူ့ကိုကြည့်​​နေရင်းမှငြိမ်​ကျသွားသည်​။
မမကဘာ်​​လောက်​​တောင်​မ​ကောင်းလုပ်​​နေလို့ ​ပြောမထွက်​ဖြစ်​​နေရတာလဲ?​သေချာတာက​တော့ မမဒီလို​တွေဖြစ်​​နေတာက
သူတို့အပြစ်​မကင်းဘူးမလား?သူတို့​ကြောင့်​ မမက ​ပြောင်းလဲ
သွားခဲ့ရတာ.ဒါ​ကြောင့်​မမကိုသူအပြစ်​မတင်​ဘူး။

"​ကျွန်​​တော့်​ကို ပွင့်​ပွင့်​လင်းလင်း​ပြော ခင်​ဗျား​ပြောမယ့်​အချိန်​ထိကျွန်​​တော်​မ​စောင့်​နိုင်​​တော့ဘူး"

"ကျစ်​..ထားလိုက်​​တော့.."

"မထားနိုင်​ဘူး..ခင်​ဗျားဘာ​တွေစီစဉ်​​နေတာလဲ?
ခင်​ဗျားဘာ​တွေဘဲလုပ်​လုပ်​မမနဲ့သမီး​လေးကို
မထိခိုက်​ဖို့ ​မျှော်​လင့်​တယ်​"

သူတို့နှစ်​​ယောက်​ အ​ချေအတင်​ဖြစ်​​နေကြတုန်း သား​လေးက
နိုးလာသည်​။

My only treasure is you(completed)Where stories live. Discover now