Ep-19(Zawgyi+Uni)

4.7K 318 11
                                    

zawgyi

"အဖွား​ဆောင်းရီက အရင်​တုန်းကအကြားအမြင်​ဆရာမ​လေ
အသက်​ကြီးလာ​တော့ မျက်​လုံး​တွေကွယ်​သွား​တော့မ​ဟော​တော့ဘူး"

ကြက်​​ပေါင်​​ကြော်​​နေရင်းမှ လပြည့်​ကဆိုသည်​။

"အဲ့ဒါ​ကြောင့်​ ငါ့ဗိုက်​ကိုကိုင်​ပြီး ​တစ်​ခုခု​ပြော​နေတာကိုး"

"ကြည့်​ရတာ နင့်​မှာက​လေးရှိ​ကြောင်းသူသိပြီး​လောက်​ပြီထင်​တယ်​"

မော်​ကွန်း စိုးရိမ်​သလို လပြည့်​အားပြန်​ကြည့်​မိ​တော့

"ဘာမှမစိုးရိမ်​ပါနဲ့ အဖွား​ဆောင်းရီက ပါးစပ်​လုံပါတယ်
ပြီး​တော့ အဘိုးအဘွား​တွေကိုသူကဦးစီးနိုင်​တယ်​​လေ"

အဘိုးအဘွား​တွေက အဖွား​ဆောင်းရီစကားတစ်​ခွန်းပင်​။
ဘယ်​သူ့ကိုမှ ​ပြောမှာမဟုတ်​။

မော်​ကွန်းသက်​ပြင်းချကာ ​ခေါင်းဆတ်​ဆတ်​ငြိမ့်သည်​။
ထိုအခါ လပြည့်​က သူစိတ်​သက်​သာရာရ​စေရန်​​ပြောသည်​။

"ဘာဘဲဖြစ်​ဖြစ်​..ဒီက​လေး​လေးက ဒီကလူ​တွေနဲ့​ရေစက်​ပါလို့
လာဆုံရတာဘဲ​လေ"

"အင်း​လေ..ဘာဘဲဖြစ်​ဖြစ်​ အဆိုးထဲကအ​ကောင်း​ပေါ့
အားလုံးဝိုင်းပြီး ငါ့က​လေး​လေးကိုချစ်​​ပေးကြရင်​​ကောင်းမယ်​"

"ဒါ​ပေါ့..အားလုံးဝိုင်းချစ်​ကြမယ်​လို့ ငါယုံကြည်​တယ်​..ကြည့်​ရတာ
ဟို​နေ့က အဖွား​ဆောင်းရီက နင့်​က​လေး​လေးရဲ့အနာဂတ်​ကိုများ
ကြို​ဟော​နေတာလားမသိဘူး​နော်​..အဖွား​ဆောင်းရီ​ဟောတာ
မှန်​သမျှကမမှန်​တာမရှိဘူး"

"ဟုတ်​ပါပြီ.."

ခဏ​နေ​တော့ ကြက်​​ကြော်​များကျက်​​​တော့ ဆယ်​ယူပြီး သူ့​ရှေ့သို့
ချ​ပေးသည်​။ပဲ​အနှစ်​အပြည့်​ဖြင့်​ပဲ​ခေါက်​ဆွဲရယ်​၊သုံးထပ်​သားကင်​ရယ်​၊ကင်​မ်​ချီရယ်​၊​ဆော့စ်​​တွေရယ်စုံလင်​လို့။

"ကဲ..က​လေးရဲ့​ဖေ​ဖေ များများစားပါ.."

"အင်း..နင်​လည်းစား"

တူနှစ်​​ချောင်းခွဲကာ ပဲ​ခေါက်​ဆွဲများကိုအနှစ်​များများဖြင့်​နှံ့​အောင်​နှယ်
လိုက်​သည်​။ပြီး​နောက်​ ပါးစပ်​ထဲသို့ တစ်​လုတ်​ထည့်​သည်​။

My only treasure is you(completed)Where stories live. Discover now