Ep-30(Zawgyi+Uni)

5K 289 7
                                    

zawgyi

"စခန်းမှုးကိုတိုင်​ချက်​ဖွင့်​ထားတယ်​ မင်းဘာမှမစိုးရိမ်​နဲ့​တော့"

"အဲ့​ကောင်​ကိုကျွန်​​တော်​သတ်​မှာ..ကျွန်​​တော့်​သားကိုလုပ်​ခဲ့တဲ့
အကျိုးဆက်​ကိုသူပြန်​ခံစား​စေရမယ်​"

စိတ်​​တွေအရမ်းပြင်းပျ​နေတဲ့ ​မော်​ကွန်းသစ်​​ကြောင့်​ ​ခေမဟာ
နောက်​ဆက်​တွဲအ​ကြောင်းအရာများကို ​ပြောပြဖို့ဝန်​​လေးသွားသည်​။

လမ်း​ထောင့်​မှ CCTVကို တစ်​ချက်​ စစ်​​ဆေးကြည့်​မိ​တော့
မော်​ကွန်းသစ်​တို့အိမ်​နဲ့ မလှမ်းမကမ်းမှာ ကားတစ်​စီးရပ်​ထား
တာကို​တွေ့ရှိရသည်​။ထို့အတူ အိမ်​​ရှေ့တွင်​လည်း မိုးပျံပူ​ဖောင်း
ရောင်းတဲ့သူကို ​တွေ့ရ​သေးသည်​။မိုးပျံပူ​ဖောင်း​ရောင်း​နေတဲ့သူက
အိမ်​ထဲကိုကြည့်​ကာ လက်​ယက်​​ခေါ်​နေသည်​။ခဏကြာ​တော့
နေ့သစ်​​​လေးက ​ပြေးထွက်​လာသည်​။ထိုအခါ လမ်း​ထောင့်​မှကား
က ​ရွေ့လျှားလာပြီး မိုးပျံပူ​ဖောင်းသည်​က လည်း အလျင်​အမြန်
ထွက်​သွားသည်​။ကားက ​နေ့သစ်​နား မ​ရောက်​ခင်​ အကွာမှာ ရုတ်
တရက်​ ရပ်​သွား​သေးသည်​။အရှိန်​သိပ်​မပါ​သော်​လည်း က​လေးမို့
တော်​​တော်​အထိနာသွားခဲ့သည်​။ကားသည်​လည်း ချက်​ချင်းထွက်​ခွာမသွား​သေးဘဲ လူ​တွေအ​ပြေး​ရောက်​လာမှ ထွက်​​ပြေးသွားသည်​။

ကားနံပါတ်​မှတ်​ထား​သော​ကြောင့်​ ရဲများက လိုက်​လံရှာ​ဖွေ​နေကြပြီ။

ဒီဖြစ်​ရပ်​ကိုကြည့်​ခြင်းအားဖြင့်​ တမင်​လုပ်​ကြံသည်​ဟုယူဆရသည်​။

"အင်း ​တွေ့ရင်​ ထိုက်​ထိုက်​တန်​တန်​အပြစ်​​ပေးကြတာ​ပေါ့"

...................................................

"သားသား ​ရော့ ပန်းသီးစား"

ပန်းသီးစိတ်​​လေးအား ​နေ့သစ်​​လေးနှုတ်​ခမ်းအနားတိုးကပ်​​ပေး​တော့
ပါးစပ်​​လေးအသာဟကာ စားသည်​။နေ့သစ်သတိရတာအခုဆို
၂ရက်​ရှိ​လေပြီ။ခေါင်းကပတ်​တီးက​တော့ တစ်​ပတ်​​လောက်​ဆိုဖြည်
လို့ရပြီ​ဟု ဆရာဝန်​က​ပြောသည်​။ခြေ​ထောက်​ပတ်​တီးက​တော့
စည်းထားရဦးမည်​။

My only treasure is you(completed)Where stories live. Discover now