Ep-29(Zawgyi+Uni)

4.4K 282 20
                                    

zawgyi

မင်းထင်​ ရှယ်​ယာဝင်​ပြီး​နောက်​ပိုင်း ​မော်​ကွန်းရဲ့ အလုပ်​​တွေ
ကောင်းစွာပြန်​လည်​ပတ်​နိုင်​ခဲ့သည်​။
ရှယ်​ယာရှင်​​တွေကလည်း အရင်​ကလိုမဟုတ်​ဘဲ
အလုပ်​အတွက်​ ကိုယ့်​တာဝန်​ကိုယ်​​ကျေပြွန်​​နေကြပြန်​သည်​။
ဂ​ယောက်​ဂယက်​ဖြစ်​​နေတဲ့ ​မော်​ကွန်းရဲ့ ကုမ္ပဏီဟာ အခုဆို
နာမည်​​ကောင်းပြန်​ရပြီဖြစ်​သည်​။

"မင်းထင်​"

"ဟုတ်​ကဲ့ boss"

"ဘာအ​ကြောင်းထူး​သေးလဲ?"

"ရှယ်​ယာဝင်​​တွေကို စည်းရုံးတာအဆင်​​ပြေတယ်​ boss
အားလုံးအို​ကေဘဲ..ဒါ​ပေမယ့်​ အဲ့ထဲမှာ အမှိုက်​တစ်​​ကောင်​ရောက်​​နေတယ်​"

"ဘယ်​သူလဲ?"

"နိုင်​မိုး ဆိုတဲ့လူ..သူ့အ​ကြောင်းကိုကျွန်​​တော်​စုံစမ်းကြည့်​သ​လောက်​​တော့..."

"အင်း ​ပြော​လေ"

"သူ့​နောက်​ကွယ်​မှာတစ်​​ယောက်​​ယောက်​ရှိ​နေတယ်​...
အဲ့လူက ​မော်​ကွန်းသစ်​ရဲ့ကုမ္မဏီနာမည်​ပျက်​​အောင်​တမင်​လုပ်​​နေတာဖြစ်​မယ်​..ကုမ္ပဏီရဲ့အတွင်း​ရေး​တွေကိုလည်း ​တခြား
တစ်​​ယောက်​စီကိုသတင်းပို့​နေတယ်​"

အချက်​အလက်​​တွေနဲ့တကွ စားပွဲ​ပေါ်စာရွက်​စာတမ်းများ
ဖြန့်​ကာ မင်းထင်​က ​သေချာရှင်းပြသည်​။

"အဲ့လူက သိပ်​အ​ကောင်​ကြီးကြီးထဲကမဟုတ်​ဘူး
တခြားကုမ္မဏီ​တွေမှာလည်း ရှယ်​ယာဝင်​ထားတာ​တွေလည်းမ​တွေ့ရဘူး..အဲ့​တော့ သူ့အ​ကြောင်းကိုစုံစမ်းရမှာခက်​​နေတယ်​"

"အဲ့​ကောင်​ကိုငါ​တွေ့ချင်​တယ်​..သူ့ရည်​ရွယ်​ချက်​ကိုသိမှဖြစ်​မယ်
မင်းစီစ​ဉ်​​ပေး."

"ဟုတ်​ကဲ့ boss"

....................................................

အစည်းအ​ဝေးပြီး ​မော်​ကွန်း အိမ်​ပြန်​ချိန်​​ရောက်​​တော့
ကားတစ်​စီးသူ့​ရှေ့လာရပ်​​လေသည်​။
တခြားသူမဟုတ်​ ​ခေမဟာပင်​။
မော်​ကွန်း သူ့ကိုကြည့်​ကာအံ့သြ​နေမိသည်​။

My only treasure is you(completed)Where stories live. Discover now