Ep-2(Zawgyi+Uni)

6.9K 376 4
                                    

zawgyi

အချိန်​-၉နာရီ

ကွန်​ဒိုတစ်​ခုတွင်​ ဖြစ်​သည်​။မော်​ကွန်း သင်​တန်းမှအပြန်​​နောက်​ကျ
၍ အိမ်​သို့ဖုန်းဆက်​ပြီး သူဝယ်​ထားတဲ့ ကွန်​ဒိုတွင်​​နေသည်​။

မျက်​နှာ​ပေါ်မှ နှုတ်​ခမ်း​မွှေးငုတ်​စိ​တို​လေး​တွေကို creamပွတ်​ကာ
shaveဖြင့်​အသာရိတ်​သည်​။ရေချိုးခန်းထဲတွင်​မို့ အတွင်းခံ​လေး
တစ်​ထည်​သာဝတ်​ထား​ပေသည်​။ထိုစဉ်​ ​ရေချိုးခန်းထဲဝင်​လာသည့်
တစ်​စုံတစ်​​ယောက်​။

ဖြောင်း!

သူ့တင်​ပါးတစ်ဖက်​ပူကျစ်​သွား​လေသည်​။မော်​ကွန်း ထိုလူအား
ခေါင်းငဲ့ကြည့်​ကာ...

"နှာဘူးလို့ ​ပြောရင်​လည်း မကြိုက်​ဘူးဟက်​!"

သူ​ပြော​တော့ ထိုသူက ​ဘေစင်​တွင်​မျက်​နှာသစ်​ကာ လက်​​ဆေး​နေ​လေသည်​။

"လူကြီး​တွေ​ရှေ့မှာ မင်းငါ့ကိုနှာဘူးလို့​ခေါ်စရာမလိုဘူး ပြီး​တော့ ရှုမ၀​ရှေ့ အ​နေအထိုင်​ဆင်​ခြင်​ပါ အရမ်းကြီးခင်​​နေတဲ့ပုံ လာမလုပ်​နဲ့"

"ဟက်​!ဘာဖြစ်​လဲ ကိုယ့်​​ယောက်​ဖဘဲ!"

ထိုအခါ ​ဘေစင်​ကို လက်​​ထောက်​ပြီး မှန်​ထဲမှတစ်​ဆင့်​ နှုတ်​ခမ်း
မွှေးရိတ်​​နေတဲ့ သူ့အား ကြည့်​​နေ​လေသည်​။

"ခင်​ဗျား ​ကျွန်​​တော်​အစ်​မကိုတကယ်​​ရောချစ်​ရဲ့လား?"

"ဘာလို့​မေးတာလဲ?"

မော်​ကွန်း shaveအား​ဘေးချကာ မျက်​နှာ​ပေါ်မှcreamများ
ပြောင်​​အောင်​​ရေနှင့်​သပ်​ချလိုက်​သည်​။

"မသိဘူး​လေ ညကြီး​တောင်​ ကျွန်​​တော့်​ကွန်​ဒိုကို​ရောက်​လာလို့"

"မင်းအစ်​မ night showပွဲရှိတယ်​...ည၁၁နာရီ ​လောက်​မှ
ပြန်​လာမှာ"

မော်​ကွန်းမျက်ခုံးပင့်​ကာ ​ရေအပြည့်​ဖြည့်​ထား​သောbathtabထဲ
ဝင်​လိုက်​သည်​။ဟိုလူက​တော့ ​ဘေစင်​ကိုမှီကာ သူ့အားလက်​ပိုက်​ပြီးကြည့်​​နေ​သည်​။

My only treasure is you(completed)Where stories live. Discover now