Ep-35(Zawgyi+Uni)

5K 285 7
                                    

zawgyi

နား​နေခန်းထဲလူသုံး​ယောက်​​ခေါင်းချင်းဆိုင်​ကာ ငြိမ်​သက်​​နေကြသည်​။
ခေမဟာ စိတ်​ထဲမင်းထင်​​ပြောမည့်​အ​ကြောင်းအရာများကို
ရင်​တုန်​စွာ​စောင့်​ဆိုင်းလျက်​။

"အရင်​ဆုံး​ပြောချင်​တဲ့စကားတစ်​ခုရှိတယ်​..ဒီစကားကိုနှစ်​​ယောက်
လုံး စိတ်​ခိုင်​ခိုင်​ထားပြီးနား​ထောင်​ကြပါ"

"​ပြောမှာသာ​ပြောစမ်းပါမင်းထင်​ရာ!ငါ..ငါသိချင်​လာပြီ!"

တုန်​လှုပ်​​ချောက်​ချားစွာ​ပြောလာသည့်​boss​ကြောင့်​ မင်းထင်
သက်​ပြင်းတိုးတိုးချလိုက်​မိသည်​။
လွင်​ဦးက​တော့ လက်​ပိုက်​ပြီး တည်​ငြိမ်​သလိုလုပ်​​နေ​ပေမယ့်
သူ့စိတ်​ထဲပူ​လောင်​​နေတာ သူသာအသိဆုံးပင်​။

ရှုမ၀ ငါ့အပြင်​ သူစိမ်း​ယောကျာင်္း​လေးဘယ်​သူ​နဲ့ပတ်​သက်​ခဲ့​သေးလဲ?
အဲ့အသိက လွင်​ဦးကိုအ​သေသတ်​သလိုပင်​။

"တကယ်​​တော့..ရှုမ၀မှာ ​ကိုယ်​၀န်​မရနိုင်​တဲ့​ချို့ယွင်းချက်​ရှိပါတယ်​"

"ဘာ..."

နှစ်​​ယောက်​စလုံးအံ့သြကာ အကြည့်​ချင်းဆုံမိသွားသည်​။

"​သေချာလို့လား မင်းထင်​?ဖြစ်​နိုင်​လို့လား?"

မယုံနိုင်​ဖြစ်​​နေတဲ့ bossကိုကြည့်​ကာ

"ဟုတ်​ပါတယ်​..ရှုမ၀ပြခဲ့ဖူးတဲ့OGဆီက တစ်​ဆင့်​သိခဲ့ရတာ
အဲ့​နောက်​ပိုင်း​ရှုမ၀က OGကို​ပြောင်းပြခဲ့တယ်​အဲ့
့OGကလည်းရှုမ၀ရဲ့သူငယ်​ချင်းတစ်​​ယောက်​ဘဲ သူဘဲအစအဆုံးဖုံးဖိပြီးကူညီ​ပေးခဲ့တာ"

"မင်း​ပြောတာငါမယုံဘူး!..မင်းမှာဘယ်​လိုသက်​​သေ​တွေရှိလဲ?!"

လွင်​ဦးက​ဒေါသတကြီး​ပြော​တော့ မင်းထင်​က

"ရှိတာ​ပေါ့ ရှုမ၀ကို​မွေး​ပေးတဲ့​ဆေးရုံက​ဆေးရုံအုပ်​ရဲ့ အမျိုးသမီးက
အဲ့OGဘဲ..အဲ့​တော့ သူတို့​တွေ​ပူး​ပေါင်းပြီး ဇာတ်​လမ်းတစ်​ခုလုပ်​လိုက်​ကြတာ.."

"အဲ့ဒါကပြစ်​မှု​မြောက်​တယ်​.ဆိုတာ သူတို့မသိဘူးကြဘူးလား?"

My only treasure is you(completed)Opowieści tętniące życiem. Odkryj je teraz