Ep-28(Zawgyi+Uni)

4.4K 288 5
                                    

zawgyi

"​မော်​ကွန်းသစ်​ရဲ့ရှယ်​ယာဝင်​​တွေထဲ ဘယ်​​ကောင်​ကဘာလဲ
ဘာအလုပ်​​တွေလုပ်​လဲ?ဘယ်​ကုမ္မဏီ​တွေမှာထပ်​ပြီး ရှယ်​ယာ
ဝင်​ထားလဲ?​နောက်​ခံအသိုင်းအ၀ိုင်း ဘယ်​​လောက်​ကြီးလဲ?
တစ်​​ယောက်​မကျန်​စုံစမ်းထား..ပြီးရင်​ငါ့ကိုတင်​ပြ "

"ဟုတ်​ကဲ့ boss"

ခေမဟာ ထိုင်​ခုံ၌​ကျောမှီပြီး မင်းထင်​အား တာဝန်​​ပေးအပ်​သည်​။
အခု မင်းထင်​ကို​မော်​ကွန်းသစ်​ရဲ့ကုမ္မဏီမှာ သူကိုယ်​တိုင်
ရှယ်​ယာ သွင်း​ပေးထားပြီး မူမမှန်​တဲ့ အ​ခြေအ​နေ​တွေကို
မင်းထင်​​ရောသူပါ တိတ်​တဆိတ်​စုံစမ်း​နေသည်​။

"ဒါနဲ့ boss.."

"အင်း"

"ရှုမ၀ ကိစ္စက​ရော?"

ခေမဟာ စားပွဲအား လက်​ဖြင့်​တ​တောက်​​တောက်​​ခေါက်​ကာ
စဉ်းစား​နေသည်​။

"ငါကိုယ်​တိုင်​စုံစမ်းမယ်​ "

..............................................

"ဦးဦးဖို့..."

လက်​ထဲ​ရောက်​လာတဲ့ အ​မွှေးပွဝက်​၀ံရုပ်​​လေး။

"ယူလိုက်​ ငါ့သမီးက သူသ​ဘောကျတဲ့လူ​တွေမှ
အရုပ်​​ပေးတာ"

ခေမဟာ ​ပြော​တော့ ​မော်​ကွန်းအရုပ်​​လေးကိုကြည့်​ပြီး
ပြုံးလိုက်​ကာ ဒူးတစ်​ဖက်​​ထောက်​ပြီး တူမ​လေးရဲ့​ခေါင်း​လေး
ကိုအသာပွတ်​​ပေးလိုက်​သည်​။

"ချစ်​ဖို့​ကောင်းလိုက်​တာ ဦး ​သေချာသိမ်းထားမယ်​​နော်​"

"ဟုတ်​!"

က​လေးနှစ်​​ယောက်​က ဧည့်​ခန်းကြမ်းပြင်​​ပေါ်တွင်
အရုပ်​များဖြင့်​ကစား​နေ​လေသည်​။

သူတို့နှစ်​​ယောက်​က ဧည့်​ခန်းတွင်​ထိုင်​လျက်​..

"သမီးက ဟိုး​နေ့ကတည်းက လာချင်​​နေတာ
ငါအိမ်​ပြန်​​ရောက်​​တော့ ငို​နေတယ်​...​အိုပါးကို​တွေ့ချင်​လို့တဲ့"

အချိန်​​တွေကြာလာ​တော့ က​လေး​တွေကလည်း
သံ​ယောဇဉ်​​တွေရစ်​တွယ်​လာပြီ။
ဖြတ်​​တောက်​ဖို့ မရဲ​လောက်​တဲ့အထိ အင်​အားကြီးသည်​။
သူတို့နှစ်​​​ယောက်​ ချစ်​ချစ်​ခင်​ခင်ရှိ​နေတာကလည်း ၀မ်းသာစရာပါ။

My only treasure is you(completed)Where stories live. Discover now