Ep-27(Zawgyi+Uni)

4.5K 280 10
                                    

zawgyi

"နင်​ဘာ​တွေ​လျှောက်​လုပ်​​နေတာလဲ?
နင်​ဘာ​တွေလျှို့ဝှက်​ထားလဲ ငါ့ကို​ပြောစမ်း"

ဒေါသမာန်​ထ​နေတဲ့ လွင်​ဦးကို ရှုမ၀ ပြန်​ငဲ့ကြည့်​ကာ ဟက်​ခနဲ
တစ်​ချက်​ရယ်​လိုက်​သည်​။

"ဘာကိုလဲ?ဘာ​တွေလာ​မေး​နေတာလဲ?"

"ရှုမငြီးက ငါ့သမီးမဟုတ်​ဘူး..အဲ့ဒါက ဘယ်​လိုဖြစ်​တာလဲ?!"

လွင်​ဦးစကားများ​အောက်​ ရှုမ၀ ဟက်​ဟက်​ပက်​ပက်​ရယ်​မိ​လေသည်​။

"နင်​သိပ်​ရယ်​ရတာဘဲ လွင်​ဦးရယ်​..ဟားး!"

"မင်း ကလိမ်​ကကျစ်​ကျသွားတာ..မင်းငါ့အ​ပေါ် .."

ရှုမ၀ လက်​တစ်​ဖက်​ကာပြလိုက်​​တော့ လွင်​ဦးကရပ်​တန့်​သွားသည်​။
ပြီး​နောက်​ စိတ်​ကြီးဝင်​​နေတဲ့ လွင်​ဦးအား ​စေ့​စေ့ကြည့်​ကာ...

"ရှုမငြီးက နင့်​သမီးပါလို့ ငါ​ပြောမိလို့လား?နင့်​ဟာနင်​ထင်​​နေတာ​လေ..."

သူ့အားအံ့သြသလိုကြည့်​​နေတဲ့ လွင်​ဦးရဲ့ပါးကို လက်​ဖြင့်
အသာပွတ်​လိုက်​ကာ...

"တစ်​ခါ​လေး လွဲမှားခဲ့တာဘဲရှိတာ..ဒါကိုခုတုံးလုပ်​ပြီး..
နင်​ငါ့ကိုပိုင်​ဆိုင်​ဖို့ မကြိုးစားပါနဲ့လား?"

"ဒါဖြင့်​ မင်း ဘာလို့  ​ရှုမငြီးနဲ့​ငါ့ကို ခဏခဏ
တွေ့​ပေးရတာလဲ?ငါ့ရဲ့စိတ်​​တွေ ထင်​​ယောင်​ထင်​မှားဖြစ်​​အောင်​လုပ်​ခဲ့တာလဲ?"

"အိုး..ဟုတ်​လား?ငါ​က​တွေ့​ပေးတာမဟုတ်​ဘူး​နော်​..နင့်​ဟာနင်
ငါ့သမီးကို​တွေ့ချင်​တယ်​ ဆိုလို့ ငါက ​ခေါ်လာ​ပေးတာ​လေ.."

လွင်​ဦးစိတ်​ရှုပ်​သလို စုတ်​သပ်​ပြီး ဆံပင်​များကို​ထိုးဖွလိုက်​သည်​။
ဒါဆို သူ ​အခွင့်​အ​ရေးနည်းသွားပြီ​ပေါ့။
က​လေးကိုအ​ကြောင်းပြပြီး ရှုမ၀ကို အပိုင်​သိမ်းရမယ့်
ကိစ္စမဖြစ်​နိုင်​​တော့ဘူး​ပေါ့။

"ငါမင်းအတွက်​အချိန်​တိုင်းရှိ​ပေးခဲ့တာရှုမ၀..မင်းခိုင်းတဲ့အတိုင်း
ငါအားလုံးလုပ်​​ပေးခဲ့တာ​တောင်​ မင်းငါ့အ​ပေါ်လုပ်​ရက်​တယ်​"

My only treasure is you(completed)Where stories live. Discover now