Tom & Jerry...ep16

Start from the beginning
                                    

"Aaအပေါ်ထပ်မှာသားရေ..နေသိပ်မကောင်းလို့တဲ့~"

"ဟုတ်ကဲ့!"

Sj ဘာလို့နေမကောင်းဖြစ်သွားသည်ကို သိသည့်အတွက်ကြောင့် မမေးတော့ချေ ။ထို့နောက် အပေါ်ထပ်ကိုခြေဦးလှည့်လိုက်သည် ။

#####

Knock knock

"ဂျင်~ကိုယ်ပါ.."

"လော့မချထားဘူး ဝင်ခဲ့!"

Jk လည်းဖွင့်ပြီးဝင်သွားလိုက်ပါသည် ။အိပ်ရာထက်မှာမှောက်ခုံလေးအိပ်နေတဲ့ဆော့ဂျင် ။သူကုတင်ပေါ်တင်ပလွဲလေးထိုင်ပြီး ပါးနဲ့နဖူးတွေကိုစမ်းကြည့်လိုက်သည် ။ခပ်နွေးနွေးလေးဖြစ်နေတဲ့ကိုယ်လေး ။သက်ပြင်းသဲ့သဲ့လေးချကာ..

"တော်သေးတာပေါ့ သိပ်မဖျားသွားလို့.."

Sj ကမျက်စိမှိတ်ထားဆဲပင်ဖြစ်သည် ။

"အဲ့လိုအိပ်နေတာ ရင်ဘက်မနာဘူးလား?"

"အတည့်အိပ်မှပိုနာမှာ!!စကားမပြောချင်ပါဘူးဆို လာရှုပ်နေတယ်!"

အလိုမကျစွာ ဆူအောင့်နေတဲ့သူ့ကို ဂျောင်ကုပြုံးပြီးကြည့်ကာ ခါးကနေပွေ့ချီလိုက်ပြီး သူ့ပေါင်ပေါ်ခွထိုင်စေသည် ။ထိုအခါသူ့ကိုမျက်လုံးအဝိုင်းသားလေးနဲ့ကြည့်လာသူက ဆော့ဂျင် ။

"ဒီတိုင်းအိပ်!"

"မ..မအိပ်ပါဘူး..ဖယ်!"

သူ့ပေါင်ပေါ်ကနေ ဆင်းချနေတဲ့ဆော့ဂျင်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်ပြီး..

"ကိုယ်ဘာမှမလုပ်ဘူး..စိတ်ချ.."

"မင်းကဘာလုပ်ချင်သေးလို့လဲ!? "

"လက်တွေ့ပြရမလား?"

လူယုတ်မာအပြုံးနဲ့ဂျွန်ဂျောင်ကုကို ဆော့ဂျင်မျက်စောင်းလေးတစ်ချက်သာပစ်ကျွေးလိုက်ပြီး..

"ငါခဏအိပ်ဦးမယ် ငြိမ်ငြိမ်နေ!"

Jk ရဲ့ပခုံးပေါ်မေးလေးအပ်ပြီး ကလေးတစ်ယောက်လိုအိပ်စက်လိုက်ပါတော့သည် ။ဂျောင်ကု ချစ်ရသူရဲ့ကျောပြင်ငယ်ကို သူ့လက်ချောင်းသွယ်သွယ်တို့နဲ့အသာအယာပုတ်ပေးပြီး ဆော့ဂျင့်ရဲ့ကိုယ်သင်းရနံ့ကို ရှုရှိုက်နေတော့သည် ။

Tom and JerryWhere stories live. Discover now