Tom & Jerry...ep-15

Start from the beginning
                                    

"အိုမိုး!ကြည့်စမ်း!ငါ့သားလေးတောင် အရွယ်ရောက်လာပြီပဲ~"

အမေက ဂုဏ်ယူဝင့်ကြွားစွာ ပြောလေသည် ။ဂျောင်ကုတော့ အ​ေမ့ကိုယုန်သွားကြီးတွေ ပေါ်အောင် ရယ်ပြလေသည် ။

"မင်းသားက အရွယ်ရောက်ရုံတင်မဟုတ်ဘူး!သေလို့ရတဲ့အရွယ်တောင်ရောက်နေပြီ!"

အဖေက အမေ့ကိုရွဲ့တဲ့တဲ့ပြောလိုက်သည် ။

အမေက အဖေ့လက်မောင်းကို ခပ်စပ်စပ်ရိုက်ကာ..

"သေခါနီးဆိုတာ ရှင့်လိုအဖိုးကြီးကိုပြောတာ!"

အဖေကတော့ သူ့မိန်းမကို မဲ့ပြုံးပြုံးပြလေသည် ။မျက်စောင်းလေထိုးတဲ့သူကတော့ အမေပေါ့ ။

ရှေ့က ရန်ဖြစ်နေတဲ့ မိဘနှစ်ပါးကိုကြည့်ပြီး ဂျောင်ကုမှာ ပီတိတွေဖြာလို့နေသည် ။အဖေကလည်းအမေမကြိုက်တာကိုမှ စရတာဝါသနာကိုဖြစ်လို့နေသည် ။အမေကလည်း အဖေ့ကိုစကားနိုင်လုနေရတာ အကျင့်ဖြစ်နေလို့နေပြီ ။

သူမျက်နှာပြောင်တာလည်း အဖေနှင့်တူလို့ဖြစ်ပါလိမ့်မည် ။ဂျောင်ကုတွေးကြည့်မိသည် ။သူနဲ့ဆော့ဂျင်ကရော ဒီလိုပဲ ဖြစ်မှာလား?ဒီလိုဖြစ်မယ်ဆိုရင်တောင် ပျော်ရွှင်နေရမည်ဆိုတာ သူယုံကြည်ပါသည် ။

လက်ထက်ချင်ပြီ ကိုယ့်ဘေးလေးရေ~~

ဒီလိုနဲ့ Jeon မိသားစုရဲ နံနက်စာထမင်းဝိုင်းလေးကတော့ လှလှပပဖြစ်လို့နေခဲ့သည် ။

Ton and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

At JJK Group^^^

ဂျောင်ကုတစ်ယောက် ဆော့ဂျင်ရောက်လာကတည်းက ပြုံးပြုံးကြီးထိုင်ကြည့်နေတာ ခုထိပင် ။ဆော့ဂျင်ဘာလုပ်လုပ် အချစ်မျက်ဝန်းနဲ့ကြည့်နေသော ဂျောင်ကု ။လက်မှတ်ထိုးရမယ့်စာရွက်စာတမ်းတွေကိုလည်း ခုချိန်ထိ တစ်ခုမှမထိုးရသေး ။

ဆော့ဂျင် သက်ပြင်းကိုချကာ စားပွဲခုံကိုအသံ​မြည်အောင်ထိရိုက်ပစ်လိုက်သည် ။ဂျောင်ကုကတော့ ဖြုံတောင်မဖြုံ သူ့ကိုပြုံးပြုံးကြီးကိုကြည့်နေသေးသည် ။

ဆော့ဂျင်နဂါးမျက်စောင်းနှင့်တကွ ဂျောင်ကုကို ဘုကြည့်ကြည့်ကာ..

Tom and JerryWhere stories live. Discover now