ဒီဝက်လုံးလေးအပေါ်သူ့ရဲ့တွယ်တာစွဲလမ်းမှုတွေမှာသူကိုယ်တိုင်တောင်ထိန်းချုပ်၍မရတော့သည်အထိများပြားလွန်းနေသည်။သူကလည်းထိုခံစားချက်တွေကိုတားဆီးဖို့ရန်စဥ်းတောင်မစဥ်းစားပေ။အကြောင်းအရင်းကတော့ဒီဝက်လုံးလေးဖြစ်နေတာကြောင့်သာဖြစ်သည်။

"ဒါဆိုပျော်ပွဲစားထွက်ကြမလား...."

ရှောင်ကျန့်ရဲ့မျက်လုံးနက်လေးတွေမှာတစ်လဲ့လဲ့တောက်ပနေလျက်အကြံပေးလိုက်သည်။

'အုန်းသီး....'

[ပြောပါhost]

'ပျော်ပွဲစားထွက်ဖို့လိုအပ်တဲ့အချို့မုန့်တွေနဲ့တစ်ခြားပစ္စည်းတွေကိုမင်းဆီမှာဝယ်လို့ရလား'

[ရတာပေါ့hostရဲ့....pointsသာရှိရင်အုန်းသီးတို့ဆီကနေဝယ်မရတာဘာမှမရှိဘူး]

'ကောင်းလိုက်တာ....'

[ဒီတော့ဝယ်မှာလားhost]

'ဝယ်မှာပေါ့ဟ....ဒါနဲ့....ဘယ်လောက်လဲ'

ရှောင်ကျန့်၏မူလတတ်ကြွနေသည့်စိတ်လေးမှာအနည်းငယ်ရင်တုန်ပန်းတုန်ဖြစ်ချင်လာလျက်မေးလိုက်မိသည်။အခုချိန်ထိသူဝယ်သမျှအရာတိုင်းကသေလောက်အောင်ဈေးကြီးလွန်းသည်မဟုတ်ပါလား။

[အိုက်ယား.....စိတ်မပူပါနဲ့hostရဲ့....ဒါကသာမန်မုန့်နဲ့ပစ္စည်းလေးတွေမလို့သိပ်မပေးရပါဘူး.....အကုန်လုံးပေါင်းမှ၁၅၀လောက်ပါပဲ....]

'၁၅၀လည်းpointsပဲလေ'

အုန်းသီး : "....."

ဒီကပ်စီးနဲhostနဲ့တော့.....ဂီး....

ရှောင်ကျန့်ကအုန်းသီးဘာတွေးတွေးဂရုကိုမစိုက်တော့ချေ။၁၅၀လောက်လေးကိုဒီလိုချစ်စရာကလေးလေးတစ်ယောက်အတွက်အကုန်ခံရတာတန်ပါတယ်လေ။

"သခင်လေး....ကျွန်တော်မျက်လှည့်ပြမယ်နော်.....ဒီမှာကြည့်....."

ရှောင်ကျန့်ကဟေးလစ်ခ်ရှေ့သူ့ဖောင်းတုတ်တုတ်လက်ဖဝါးလေးနှစ်ဖက်ကိုဖြန့်ပြသည်။

ပြီးတော့လက်နှစ်ဖက်ကိုအချင်းချင်းကပ်လိုက်ပြီးပြန်ခွာလိုက်ချိန်၌ကြီးမားသည့်အဝတ်စတစ်ခုပေါ်လာ၏။ရှောင်ကျန့်ကထိုအဝတ်စအားအရိပ်ရသည့်မြက်ခင်းပြင်ပေါ်တွင်ခင်းချလိုက်သည်။

system 091 Où les histoires vivent. Découvrez maintenant