45

14 1 0
                                    

ဆုေတာင္းမွားခဲ့တာလား...
ကိုယ္ကပဲ ကံဆိုးၿပီးရင္းဆိုးေနတာလား...
ဆယ္စုႏွစ္တစ္စုစာေလာက္ နာက်င္ထားရတာဟာ မလံုေလာက္လို႔ပဲလား...
မေရမရာေတြပါပဲ။

ထီးရိပ္တစ္ျခမ္းေလးက ကိုယ့္အတြက္မဟုတ္တာ...
အားျပဳရာလိုဆုပ္ကိုင္ထားမယ့္လက္ကေလးက ကိုယ့္လက္ေမာင္းေပၚေရာက္မလာတာ...
ပါးႏုႏုေပၚ အနမ္းေတြ စိုက္ပ်ိဳးခြင့္မ႐ွိတာ...
ေငြေရာင္ကြင္းေလးတစ္ကြင္းဟာ ကိုယ့္အတြက္မရည္ရြယ္တာ...

ေနာက္ဆံုး...
"I Do"ဆိုတဲ့စကားေလးကို ၾကားခြင့္ရသူဟာ ကိုယ္ဟုတ္မေနတာ...

မတရားတာမ႐ွိတဲ့ အခ်စ္မွာ ေငးၾကည့္ခြင့္ေတာင္မ႐ွိေတာ့တာဟာ တရားတာလားလို႔ေတာ့လည္း ကိုယ္ေမးခြန္းမထုတ္ခ်င္ပါဘူး...

ေပးတိုင္းျပန္မရတာကလည္း အခ်စ္ျဖစ္ေနျပန္ေတာ့ ကိုယ့္ရင္ခုန္သံကိုမၾကားတဲ့သူကိုလည္း အျပစ္မွမဖို႔ရက္ပဲကြယ္...

ဒါေပမယ့္ တစ္ခုေတာ့ သိခ်င္မိပါရဲ႕...

တစ္ေယာက္ေသာသူရဲ႕ႏွလံုးသားထဲ ခိုလႈံခြင့္ရဖို႔က တစ္ဖက္သတ္အခ်စ္ေမတၱာနဲ႔လူေတြအတြက္ ေသေလာက္ေအာင္ပဲ ခက္ခဲေလ့႐ွိၾကတာလား...

ကိုယ္တကယ္သိခ်င္မိပါရဲ႕...။

°°°°°°°°°

ဆုတောင်းမှားခဲ့တာလား...
ကိုယ်ကပဲ ကံဆိုးပြီးရင်းဆိုးနေတာလား...
ဆယ်စုနှစ်တစ်စုစာလောက် နာကျင်ထားရတာဟာ မလုံလောက်လို့ပဲလား...
မရေမရာတွေပါပဲ။

ထီးရိပ်တစ်ခြမ်းလေးက ကိုယ့်အတွက်မဟုတ်တာ...
အားပြုရာလိုဆုပ်ကိုင်ထားမယ့်လက်ကလေးက ကိုယ့်လက်မောင်းပေါ်ရောက်မလာတာ...
ပါးနုနုပေါ် အနမ်းတွေ စိုက်ပျိုးခွင့်မရှိတာ...
ငွေရောင်ကွင်းလေးတစ်ကွင်းဟာ ကိုယ့်အတွက်မရည်ရွယ်တာ...

နောက်ဆုံး...
"I Do"ဆိုတဲ့စကားလေးကို ကြားခွင့်ရသူဟာ ကိုယ်ဟုတ်မနေတာ...

မတရားတာမရှိတဲ့ အချစ်မှာ ငေးကြည့်ခွင့်တောင်မရှိတော့တာဟာ တရားတာလားလို့တော့လည်း ကိုယ်မေးခွန်းမထုတ်ချင်ပါဘူး...

ပေးတိုင်းပြန်မရတာကလည်း အချစ်ဖြစ်နေပြန်တော့ ကိုယ့်ရင်ခုန်သံကိုမကြားတဲ့သူကိုလည်း အပြစ်မှမဖို့ရက်ပဲကွယ်...

ဒါပေမယ့် တစ်ခုတော့ သိချင်မိပါရဲ့...

တစ်ယောက်သောသူရဲ့နှလုံးသားထဲ ခိုလှုံခွင့်ရဖို့က တစ်ဖက်သတ်အချစ်မေတ္တာနဲ့လူတွေအတွက် သေလောက်အောင်ပဲ ခက်ခဲလေ့ရှိကြတာလား...

ကိုယ်တကယ်သိချင်မိပါရဲ့...။


°°°

Joanna

"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now