29

35 4 0
                                    

တချို့သောသူတွေက ပြောကြတယ်... မင်းခံစားနေရတာက ဘာမှမဟုတ်ပါဘူးကွာ၊ ခဏတာလေးပါတဲ့။

သူငယ်ချင်းတွေကလည်း အားမနာတမ်းပြောကြတယ်... မင်းပုံက သောက်ရူးကြီးလိုပဲကွာတဲ့။

ဟုတ်မှာပါလေ။
ဒါက ခဏတာလေးပါ။
ဘာမဟုတ်တဲ့ခံစားချက်လေးပါ။
တကယ့်ကို အရေမရ၊ အဖက်မရ ရူးနှမ်းမှုကြီးပါ။
ပြီးတော့ အပျော်တမ်း စိတ်ကစားမှုကြီးပါ။

အချစ်ကလည်း ကိုယ့်ကို ကစားနေတာ။
ကိုယ်ကလည်း အလွမ်းတွေနဲ့ ကစားလို့ကောင်းနေတာ။
သောက်မှတ်မရှိတဲ့နှလုံးသားကလည်း အဲ့ဒီ့လူကိုမှ တမ်းတမ်းစွဲဖြစ်တမ်း ကစားလို့ပျော်နေတာ။

*****


တခ်ိဳ႕ေသာသူေတြက ေျပာၾကတယ္... မင္းခံစားေနရတာက ဘာမွမဟုတ္ပါဘူးကြာ၊ ခဏတာေလးပါတဲ့။

သူငယ္ခ်င္းေတြကလည္း အားမနာတမ္းေျပာၾကတယ္... မင္းပုံက ေသာက္႐ူးႀကီးလိုပဲကြာတဲ့။

ဟုတ္မွာပါေလ။
ဒါက ခဏတာေလးပါ။
ဘာမဟုတ္တဲ့ခံစားခ်က္ေလးပါ။
တကယ့္ကို အေရမရ၊ အဖက္မရ ႐ူးႏွမ္းမႈႀကီးပါ။
ၿပီးေတာ့ အေပ်ာ္တမ္း စိတ္ကစားမႈႀကီးပါ။

အခ်စ္ကလည္း ကိုယ့္ကို ကစားေနတာ။
ကိုယ္ကလည္း အလြမ္းေတြနဲ႔ ကစားလို႔ေကာင္းေနတာ။
ေသာက္မွတ္မ႐ွိတဲ့ႏွလုံးသားကလည္း အဲ့ဒီ့လူကိုမွ တမ္းတမ္းစြဲျဖစ္တမ္း ကစားလို႔ေပ်ာ္ေနတာ။

12:12AM, August 5, 2022

12:12AM, August 5, 2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now