11

55 6 0
                                    

အခုကိုယ့္ရဲ႕အေပအေတေတြကိုသိရင္ မင္းေတာ့ အ႐ွက္ရေနဦးမလားပဲ...
ဒါေပမယ့္ အမ်ားႀကီးမစဥ္းစားပါနဲ႔။

ေျသာ္... ကိုယ္ကပဲ အမ်ားႀကီးစဥ္းစားမိသြားတာပဲ။

မင္းအတြက္ ကိုယ္က ဘာအ႐ွက္ရေစေတာ့မွာလဲ...
မသက္ဆိုင္ေတာ့တဲ့လူႏွစ္ေယာက္အတြက္ေလ။

ဒါနဲ႔... ဒီေန႔က မင္းတို႔ႏွစ္ပတ္လည္ေန႔မလား။

ေပ်ာ္ေနပါ။
မင္းကို ကတိေတြထပ္ေပးမယ့္လူရဲ႕စကားေတြကိုနားေထာင္ၿပီး ျပံဳးေနပါ။

တယုတယဆုပ္ကိုင္ၿပီး လူေ႐ွ႕သူေ႐ွ႕ကိုေခၚသြားမယ့္လက္ကိုပဲ ဆုပ္ကိုင္ထားပါ။

မင္းသတ္မွတ္ထားတဲ့စံႏႈန္းနဲ႔ညီတဲ့အခ်စ္ကိုေပးႏိုင္မယ့္လူကိုပဲ မက္မက္ေမာေမာ နမ္း႐ိႈက္ပါ။

စီးကရက္အတူ႐ွုိက္ခဲ့ဖူးတဲ့ႏႈတ္ခမ္းကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ေမ့ေဖ်ာက္ခံရမွာပဲမဟုတ္လား။

*****


အခုကိုယ့်ရဲ့အပေအတေတွေကိုသိရင် မင်းတော့ အရှက်ရနေဦးမလားပဲ...
ဒါပေမယ့် အများကြီးမစဉ်းစားပါနဲ့။

သြော်... ကိုယ်ကပဲ အများကြီးစဉ်းစားမိသွားတာပဲ။

မင်းအတွက် ကိုယ်က ဘာအရှက်ရစေတော့မှာလဲ...
မသက်ဆိုင်တော့တဲ့လူနှစ်ယောက်အတွက်လေ။

ဒါနဲ့... ဒီနေ့က မင်းတို့နှစ်ပတ်လည်နေ့မလား။

ပျော်နေပါ။
မင်းကို ကတိတွေထပ်ပေးမယ့်လူရဲ့စကားတွေကိုနားထောင်ပြီး ပြုံးနေပါ။

တယုတယဆုပ်ကိုင်ပြီး လူရှေ့သူရှေ့ကိုခေါ်သွားမယ့်လက်ကိုပဲ ဆုပ်ကိုင်ထားပါ။

မင်းသတ်မှတ်ထားတဲ့စံနှုန်းနဲ့ညီတဲ့အချစ်ကိုပေးနိုင်မယ့်လူကိုပဲ မက်မက်မောမော နမ်းရှိုက်ပါ။

စီးကရက်အတူရှိုက်ခဲ့ဖူးတဲ့နှုတ်ခမ်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် မေ့ဖျောက်ခံရမှာပဲမဟုတ်လား။

"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now