25

35 4 1
                                    

ထီးမပါလာပြန်ဘူးလား ကလေးငယ်...
မိုးတွင်းကာလကြီးကို ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူးလား။
ဒါမှမဟုတ် ကိုယ့်ထီးကိုကပ်ဆောင်းပြီး ကိုယ့်ရင်ခွင်ထဲ ခိုးပြီး တိုးကပ်ချင်လို့များလား။

ဪ... ကိုယ်တို့နှစ်ပတ်လည်အမှတ်တရ ဆင်တူ၀ယ်ဖြစ်ခဲ့ကြတဲ့ရှပ်လေးကို၀တ်လာတာပဲ။

Vivianရေမွှေးကိုလည်း ကိုယ်အရမ်းသဘောကျတာသိလို့ ဆွတ်လာလေသလား။
ကိုယ်ယစ်မူးသွားပြီး မင်းလည်တိုင်ကို နမ်းမိရင် ဘယ်လိုလုပ်မလဲ။
ကိုယ်ဘယ်တော့မှ ရှေ့မတိုးမှန်းသိလို့ ကိုယ့်ကို ရူးအောင်တမင်ပြုစားလေသလားကွယ်။
မင်းလေးက သိပ်ကို လူလည်ကျပြီး နှိပ်စက်တတ်ပါတယ်။

ဒါပေမယ့် မင်းငိုသွားအောင် ကိုယ်အချစ်ကြမ်းမိရင်တော့ တစ်သက်လုံးချော့ပေးဖို့ ကိုယ်တာ၀န်ယူပါမယ်။
မင်းရဲ့လက်သီးဆုပ်လေးတွေကိုလည်း ကိုယ့်ရင်ဘက်နဲ့ခံထမ်းပါမယ်။
မင်းရဲ့ဆူဆူပူပူစကားတွေကိုလည်း နားထောင်ပေးဖို့အသင့်ပါပဲ။
မင်းအပြုံးတွေကို ဖန်တီးပေးဖို့လည်း ကိုယ်ဆန္ဒရှိပါတယ်။

မင်းအခုပူဆာတဲ့ ချောကလက်ရေခဲမုန့်ကိုလည်း အရည်မပျော်ခင် ကိုယ်အပြေးယူလာခဲ့ပါမယ်။

ကိုယ်သွားဝယ်တဲ့ဆိုင်ဘေးမှာ "A Round Trip To Love"ဇာတ်ကားဘုတ်ကို တွေ့လိုက်တယ်သိလား ကလေးငယ်။ အခေါက်ခေါက်ပြန်ကြည့်ပြီး ငိုတတ်တဲ့မင်းလေးသာတွေ့ရင် ထပ်ဝမ်းနည်းမလားပဲ။

ပြန်လာရင်းနဲ့မှ ကောင်းကင်ကို ကိုယ်မော့ကြည့်မိတယ်။

ခုဏက မိုးတွေရွာနေတယ်မဟုတ်လား။
အခု နေကပူကျစ်လို့နေသတဲ့။

လမ်းမပေါ်မှာ ခုဏကလို လူတွေလည်းအများကြီးရှိမနေဘူး။

ကိုယ့်ဘေးမှာ Vivianရဲ့ နှင်းဆီရနံ့ကလည်း ပြယ်သွားပြီတဲ့ ကလေးငယ်။

ဒီနေ့ကလည်း သောကြာနေတဲ့။

ကိုယ်ကြုံဖူးခဲ့တဲ့ သောကြာနေ့ဆိုတာ...

အသည်းပုံလော့ကတ်လေး နှစ်ခြမ်းပဲ့သွားခဲ့တာမဟုတ်လား...
လမ်းမပေါ်မှာ နှင်းဆီဖြူတွေ ကျိုးကြေခဲ့တာ...
ခိုဖြူလေးတစ်ကောင်ဟာ ဘယ်တော့မှ အရင်နေရာကို ပြန်လာမနားတော့တာ...
"Let me go..."ဆိုတဲ့စကားဟာ ၀၉၇၆၉၇...နဲ့စတဲ့နံပါတ်လေးဆီက ကြားရတဲ့နောက်ဆုံးစကားဖြစ်ခဲ့တာ...

"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now