33

29 4 0
                                    

ကိုယ်လေ မင်းကို ချစ်ပေးနိုင်သလောက် ချစ်ပေးခဲ့မယ်။

နောက်ဆုံးတစ်နေ့ကျရင် ကြေကွဲဆို့နင့်ဖွယ် ချစ်ခြင်းတရားတွေကို လှပတဲ့ဇာတ်သိမ်းနဲ့ ထားရစ်ခဲ့မယ်။

ပြီးရင် ဘယ်တော့မှ မင်းဆီပြန်မရောက်နိုင်တဲ့ဟိုးအ‌ေဝးကြီးဆီ အလွမ်းတွေနဲ့ ပျံသန်းသွားလိုက်မယ်။

အဲ့ဒီအခါ မင်း၀မ်းမနည်းဖို့ မျှော်လင့်တယ် အသက်ရယ်။

အခုလိုပဲ မင်းဘေးမှာ ကိုယ်မရှိလည်း နေနိုင်ဖို့...
မင်းရဲ့အပြုံးကို ပျိုးပေးတဲ့ကိုယ့်ဒဏ်ရာတွေကို မမြင်ဘဲ နေနိုင်ဖို့...
ငေးကြည့်နေခွင့်ကိုသာ နှစ်ပေါင်းများစွာ ပွေ့ပိုက်လာခဲ့တဲ့ချုပ်ရိုးဗလပွနဲ့နှလုံးသားကို မလွမ်းဖို့...
တစ်စုံတစ်ယောက်ကြောင့်ကျလာမယ့်မျက်ရည်တွေကို သုတ်ပေးမယ့် ဒီကအကြင်နာချစ်ခြင်းတွေမရှိလည်း ငိုချနိုင်ဖို့...

ကိုယ်မျှော်လင့်ပါတယ် အသက်ရယ်...။

******

ကိုယ္ေလ မင္းကို ခ်စ္ေပးႏိုင္သေလာက္ ခ်စ္ေပးခဲ့မယ္။

ေနာက္ဆုံးတစ္ေန႔က်ရင္ ေၾကကြဲဆို႔နင့္ဖြယ္ ခ်စ္ျခင္းတရားေတြကို လွပတဲ့ဇာတ္သိမ္းနဲ႔ ထားရစ္ခဲ့မယ္။

ၿပီးရင္ ဘယ္ေတာ့မွ မင္းဆီျပန္မေရာက္ႏိုင္တဲ့ဟိုးအေဝးႀကီးဆီ အလြမ္းေတြနဲ႔ ပ်ံသန္းသြားလိုက္မယ္။

အဲ့ဒီအခါ မင္း၀မ္းမနည္းဖို႔ ေမွ်ာ္လင့္တယ္ အသက္ရယ္။

အခုလိုပဲ မင္းေဘးမွာ ကိုယ္မ႐ွိလည္း ေနႏိုင္ဖို႔...
မင္းရဲ႕အျပဳံးကို ပ်ိဳးေပးတဲ့ကိုယ့္ဒဏ္ရာေတြကို မျမင္ဘဲ ေနႏိုင္ဖို႔...
ေငးၾကည့္ေနခြင့္ကိုသာ ႏွစ္ေပါင္းမ်ားစြာ ေပြ႕ပိုက္လာခဲ့တဲ့ခ်ဳပ္႐ိုးဗလပြနဲ႔ႏွလုံးသားကို မလြမ္းဖို႔...
တစ္စုံတစ္ေယာက္ေၾကာင့္က်လာမယ့္မ်က္ရည္ေတြကို သုတ္ေပးမယ့္ ဒီကအၾကင္နာခ်စ္ျခင္းေတြမ႐ွိလည္း ငိုခ်ႏိုင္ဖို႔...

ကိုယ္ေမွ်ာ္လင့္ပါတယ္ အသက္ရယ္...။

5.8.2022

2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now