24

33 4 2
                                    

ခဏခဏ လွမ်းရတာပင်ပန်းတယ် အသက်ရယ်...

နောက်တစ်ခါများ ထပ်လွမ်းမိရင် ဘယ်တော့မှ မလွမ်းမိတော့အောင် တစ်၀ကြီးလွမ်းပစ်လိုက်ဖို့ ကိုယ်ဆုံးဖြတ်ထားတယ်ကွယ်။

တကယ်ဆို အခုတောင် မင်းလေးရဲ့အကြောင်း၊ မင်းကိုလွမ်းကြောင်း၊ မင်းရဲအပြုံးတွေအကြောင်း စာမစီ၊ ကဗျာမသီသင့်ဘူး မဟုတ်ရဲ့လား။

မင်းဆိုတာ တစ်စုံတစ်ယောက်ရင်ခွင်ထဲမှာ...
တစ်စုံတစ်ယောက်နဲ့အတူရယ်မောနေမှာ...
အမှတ်တရတွေဖန်တီးနေမှာ...
ချစ်စကားတွေဆိုနေမှာ...
အကြင်နာတွေ ဖလှယ်နေမှာ...

ကိုယ်မဟုတ်‌တဲ့ တခြားသောလူတစ်ယောက်နဲ့လေ။

ဒီတော့ ဘယ်တော့မှ လှမ်းမနမ်းနိုင်မယ့်ပန်းလေးကို မျက်ကွယ်ပြုလိုက်ဖို့...

ဘယ်တော့မှ ကိုယ့်ဆီ ကြွေကျလာမှာမဟုတ်တဲ့ကြယ်ကလေးကို ‌တမ်းတမနေတော့ဖို့...

ဘယ်သောအခါမှ ကိုယ့်အပိုင်မဖြစ်လာမယ့်နတ်သမီးလေးကို လွမ်းဆွတ်မနေတော့ဖို့...

ဘယ်သောအခါမှ ကိုယ့်ကိုချစ်လာမှာမဟုတ်တဲ့ တစ်စုံတစ်ယောက်အပိုင် အရုပ်လေးကို တသသဖြစ်မနေတော့ဖို့...

ကိုယ့်ရဲ့အသက်နဲ့ထပ်တူမြတ်နိုးမိခဲ့ရပါတယ်ဆိုတဲ့ မင်းလေးကို ကိုယ်တကယ် မေ့ဖျောက်လိုက်ဖို့ အချိန်သင့်နေပြီမဟုတ်ရဲ့လား အသက်ရယ်.....။

*******

ခဏခဏ လြမ္းရတာပင္ပန္းတယ္ အသက္ရယ္...

ေနာက္တစ္ခါမ်ား ထပ္လြမ္းမိရင္ ဘယ္ေတာ့မွ မလြမ္းမိေတာ့ေအာင္ တစ္၀ႀကီးလြမ္းပစ္လိုက္ဖို႔ ကိုယ္ဆုံးျဖတ္ထားတယ္ကြယ္။

တကယ္ဆို အခုေတာင္ မင္းေလးရဲ႕အေၾကာင္း၊ မင္းကိုလြမ္းေၾကာင္း၊ မင္းရဲအျပဳံးေတြအေၾကာင္း စာမစီ၊ ကဗ်ာမသီသင့္ဘူး မဟုတ္ရဲ႕လား။

မင္းဆိုတာ တစ္စုံတစ္ေယာက္ရင္ခြင္ထဲမွာ...
တစ္စုံတစ္ေယာက္နဲ႔အတူရယ္ေမာေနမွာ...
အမွတ္တရေတြဖန္တီးေနမွာ...
ခ်စ္စကားေတြဆိုေနမွာ...
အၾကင္နာေတြ ဖလွယ္ေနမွာ...

ကိုယ္မဟုတ္‌တဲ့ တျခားေသာလူတစ္ေယာက္နဲ႔ေလ။

ဒီေတာ့ ဘယ္ေတာ့မွ လွမ္းမနမ္းႏိုင္မယ့္ပန္းေလးကို မ်က္ကြယ္ျပဳလိုက္ဖို႔...

ဘယ္ေတာ့မွ ကိုယ့္ဆီ ေႂကြက်လာမွာမဟုတ္တဲ့ၾကယ္ကေလးကို ‌တမ္းတမေနေတာ့ဖို႔...

ဘယ္ေသာအခါမွ ကိုယ့္အပိုင္မျဖစ္လာမယ့္နတ္သမီးေလးကို လြမ္းဆြတ္မေနေတာ့ဖို႔...

ဘယ္ေသာအခါမွ ကိုယ့္ကိုခ်စ္လာမွာမဟုတ္တဲ့ တစ္စုံတစ္ေယာက္အပိုင္ အ႐ုပ္ေလးကို တသသျဖစ္မေနေတာ့ဖို႔...

ကိုယ့္ရဲ႕အသက္နဲ႔ထပ္တူျမတ္ႏိုးမိခဲ့ရပါတယ္ဆိုတဲ့ မင္းေလးကို ကိုယ္တကယ္ ေမ့ေဖ်ာက္လိုက္ဖို႔ အခ်ိန္သင့္ေနၿပီမဟုတ္ရဲ႕လား အသက္ရယ္.....။



04.08.2022

2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now