31

33 4 0
                                    

ကိုယ်ဟာ ရက်အတော်ကြာတဲ့အထိ လိုင်းမသုံးဖြစ်တဲ့အကျင့်ရှိတယ်။
အခုတစ်ခါကတော့ လနဲ့ချီပြီးကြာသွားခဲ့လို့ လိုင်းပြန်ဖွင့်ကြည့်တယ်။

ဘာမှလည်းထူးမသွားပါဘူး။
အရာရာဟာ တိတ်တဆိတ်ပါပဲ။
မရှိတဲ့သူဟာလည်း အရင်လိုပဲ ရှိမလာပါဘူး။
တွေ့ရလေမလားဆိုတဲ့စာတွေဟာလည်း ဒီတစ်ခါဖတ်ရဖို့ အ‌ခြေအနေရှိမနေပြန်ပါဘူး။

အရင်ကလို "ပေါ်တော်မူကြီး... ခင်‌ဗျားဘယ်ဂြိုလ်မှာတရားကျင့်နေပြီလဲ"လို့အစချီလိုက်တဲ့ တစ်ယောက်သောသူဆီကစာတွေဟာလည်း ၀င်မနေသလို ဘယ်အ၀င်ခေါ်လ်မှလည်း ရှိမနေပါဘူး။

အားလုံးက ငြိမ်ငြိမ်သက်သက်ပါပဲ။

ရုတ်တရက် ပျောက်သွားလို့လည်း သတိထားမိခြင်းမခံရသလို...
‌မျှော်နေသူမရှိ...
ပြန်လာစေချင်သူမရှိ...
လွမ်းနေမယ့်သူဟာ မရှိ...

တကယ့်ကို တိတ်တဆိတ်နဲ့ပါပဲလေ။

******

ကိုယ္ဟာ ရက္အေတာ္ၾကာတဲ့အထိ လိုင္းမသုံးျဖစ္တဲ့အက်င့္႐ွိတယ္။
အခုတစ္ခါကေတာ့ လနဲ႔ခ်ီၿပီးၾကာသြားခဲ့လို႔ လိုင္းျပန္ဖြင့္ၾကည့္တယ္။

ဘာမွလည္းထူးမသြားပါဘူး။
အရာရာဟာ တိတ္တဆိတ္ပါပဲ။
မ႐ွိတဲ့သူဟာလည္း အရင္လိုပဲ ႐ွိမလာပါဘူး။
ေတြ႕ရေလမလားဆိုတဲ့စာေတြဟာလည္း ဒီတစ္ခါဖတ္ရဖို႔ အ‌ေျခအေန႐ွိမေနျပန္ပါဘူး။

အရင္ကလို "ေပၚေတာ္မူႀကီး... ခင္‌ဗ်ားဘယ္ၿဂိဳလ္မွာတရားက်င့္ေနၿပီလဲ"လို႔အစခ်ီလိုက္တဲ့ တစ္ေယာက္ေသာသူဆီကစာေတြဟာလည္း ၀င္မေနသလို ဘယ္အ၀င္ေခၚလ္မွလည္း ႐ွိမေနပါဘူး။

အားလုံးက ၿငိမ္ၿငိမ္သက္သက္ပါပဲ။

႐ုတ္တရက္ ေပ်ာက္သြားလို႔လည္း သတိထားမိျခင္းမခံရသလို...
‌ေမွ်ာ္ေနသူမ႐ွိ...
ျပန္လာေစခ်င္သူမ႐ွိ...
လြမ္းေနမယ့္သူဟာ မ႐ွိ...

တကယ့္ကို တိတ္တဆိတ္နဲ႔ပါပဲေလ။

5.8.2022

2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now