41

34 4 1
                                    

ဒီရက်တွေမှာ အရမ်းပင်ပန်းရလို့ စိတ်တွေလေလွင့်နေတယ်...
စိတ်နှလုံးထဲမှာ အင်အားတွေ ကုန်ဆုံးနေသလိုပဲ...
Insomnia ကလည်း ပြန်စလာတယ်...

ကိုယ်သိတယ်...
ကိုယ့်ကိုယ်ကိုယ် မနည်းပြန်ကုစားရဦးမယ်...

လက်တွေ့ဘဝထဲမှာ ကျင်လည်ရတာ သိပ်ပင်ပန်းတယ်...
အမြင့်ကြီးကိုရောက်ဖို့ လှေကားပေါင်းများစွာကို ဖြတ်ကျော်ရတဲ့အခါ ခွန်အားတွေကုန်ဆုံးတယ်...
အားပြုရာအနေနဲ့ ဆုပ်ကိုင်လိုက်မိတဲ့လက်ရန်းတွေကလည်း ဆူးတွေချည်းပဲ...

ဒါ လောက သဘာဝ ရှင်သန်ရခြင်းရဲ့အဖိုးအခတွေပါပဲ...
ဒါ ‌ဆုလာဘ်‌တွေကို သိမ်းပိုက်ရယူနိုင်မယ့် ပန်းတိုင်အတွက် အရင်းအနှီးတွေပါပဲ...

သိပ်ကို ပင်ပန်းနာကျင်ရတယ်။

ဒါပေမယ့် ‌ပင်ပန်းမှုကိုကျော်လွန်သွားနိုင်ပြီး အောင်မြင်မှုကိုရသွားတဲ့အချိန်မှာ ပြုံးနိုင်မယ့်ဂုဏ်ယူအပြုံးကို ကိုယ်မြင်ယောင်ထားတယ်...

အဲ့အခါမှ ကိုယ်ငိုချမယ်လို့ ဆုံးဖြတ်ထားတယ်...

အခု‌တော့ ကိုယ် သန်မာနေမှဖြစ်မယ်လေ...



*****


ဒီရက္ေတြမွာ အရမ္းပင္ပန္းရလို႔ စိတ္ေတြေလလြင့္ေနတယ္...
စိတ္ႏွလုံးထဲမွာ အင္အားေတြ ကုန္ဆုံးေနသလိုပဲ...
Insomnia ကလည္း ျပန္စလာတယ္...

ကိုယ္သိတယ္...
ကိုယ့္ကိုယ္ကိုယ္ မနည္းျပန္ကုစားရဦးမယ္...

လက္ေတြ႕ဘဝထဲမွာ က်င္လည္ရတာ သိပ္ပင္ပန္းတယ္...
အျမင့္ႀကီးကိုေရာက္ဖို႔ ေလွကားေပါင္းမ်ားစြာကို ျဖတ္ေက်ာ္ရတဲ့အခါ ခြန္အားေတြကုန္ဆုံးတယ္...
အားျပဳရာအေနနဲ႔ ဆုပ္ကိုင္လိုက္မိတဲ့လက္ရန္းေတြကလည္း ဆူးေတြခ်ည္းပဲ...

ဒါ ေလာက သဘာဝ ႐ွင္သန္ရျခင္းရဲ႕အဖိုးအခေတြပါပဲ...
ဒါ ‌ဆုလာဘ္‌ေတြကို သိမ္းပိုက္ရယူႏိုင္မယ့္ ပန္းတိုင္အတြက္ အရင္းအႏွီးေတြပါပဲ...

သိပ္ကို ပင္ပန္းနာက်င္ရတယ္။

ဒါေပမယ့္ ‌ပင္ပန္းမႈကိုေက်ာ္လြန္သြားႏိုင္ၿပီး ေအာင္ျမင္မႈကိုရသြားတဲ့အခ်ိန္မွာ ျပဳံးႏိုင္မယ့္ဂုဏ္ယူအျပဳံးကို ကိုယ္ျမင္ေယာင္ထားတယ္...

အဲ့အခါမွ ကိုယ္ငိုခ်မယ္လို႔ ဆုံးျဖတ္ထားတယ္...

အခု‌ေတာ့ ကိုယ္ သန္မာေနမွျဖစ္မယ္ေလ...


*****

နားနား

နားနား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now