18

49 4 0
                                    

ညအေမွာင္ကို သေဘာက်တယ္။
မိုးရြာတဲ့ညဥ့္နက္ေတြကိုဆို ပိုလို႔ေတာင္သေဘာက်ရပါတယ္။

မီးတိုင္ေအာက္မွာ မိုးစက္ေတြဖြာက်ေနတာကိုျမင္ရတာကလည္း သိပ္ကိုအႏုပညာေျမာက္တဲ့ကဗ်ာဆန္မႈပဲ။

ဒါ့အျပင္ အေမွာင္ထုကိုမ်က္ႏွာမူၿပီး မ်က္လံုးေတြမွိတ္ထားရင္ အထီးက်န္ေနတဲ့တစ္စံုတစ္ေယာက္ဆီကေန နာက်င္မႈေတြက ကူးစက္လာသလိုရယ္။

မွန္နံရံကို႐ိုက္ခတ္လာတဲ့ ေရစက္ေတြမွာ တစ္စံုတစ္ေယာက္ရဲ႕မ်က္ရည္ေတြပါလာသလို...
မိုးစက္က်သံထဲမွာ တစ္စံုတစ္ေယာက္ရဲ႕႐ိႈက္သံက ခပ္သဲ့သဲ့။
မိုးနဲ႔ေရာၿပီးေရာက္လာတဲ့ေလထဲမွာ တစ္စံုတစ္ေယာက္ဆီက လြမ္းခ်င္းေတြကလည္း မစဲသြားခဲ့။

ဒါေပမယ့္ ဒါေတြဟာ ဘယ္ဆီဘယ္ဝယ္ကေန ေရာက္လာသလဲ ကိုယ္မေရရာခဲ့။

ေကာ္ဖီတစ္ခြက္နဲ႔ နားၾကပ္တပ္ၿပီးတစ္ေယာက္တည္းထိုင္ေနတဲ့ကိုယ္ မ်က္ရည္ဝဲေနျပီဆိုရင္ တခိ်ဳ႕လူေတြကေျပာေလ့႐ွိတယ္။

"ညဥ့္နက္ရင္ ဆိုက္ကိုေလးေတာ့ စလာၿပီ... မိုးေစြရင္ စိတ္လည္းေစြပါၿပီ"တဲ့။

ဘယ္သူသိပါ့မလဲ...

ေလအေဝ့မွာ ေႂကြသြားတဲ့ ဂႏၶမာျဖဴ ေတြဟာ မိုးေရထဲမွာ ေအးစက္ကုန္ၾကတာကို.....
တိတ္ဆိတ္မႈထဲ အမည္နာမတစ္ခုကို တမ္းတမ္းတတေခၚသံတစ္ခုဟာ ပဲ့တင္ေနတာေတြ.....

ပဲ့ေႂကြသြားတဲ့အစိတ္အပိုင္းတစ္ခုဟာ ဘယ္ေသာအခါမွ ျပန္႐ွာမေတြ႔ႏိုင္ေတာ့တာ.....
တြဲလက္ျမဲဖို႔ႀကိဳးစားရင္း မိုးေရထဲမွာ ဝိဥာဥ္ေလးတစ္ခုဟာ ထာဝရတိုင္လြင့္ျပယ္သြားတာကိုေရာေလ.....။

........................

ညအမှောင်ကို သဘောကျတယ်။
မိုးရွာတဲ့ညဉ့်နက်တွေကိုဆို ပိုလို့တောင်သဘောကျရပါတယ်။

မီးတိုင်အောက်မှာ မိုးစက်တွေဖွာကျနေတာကိုမြင်ရတာကလည်း သိပ်ကိုအနုပညာမြောက်တဲ့ကဗျာဆန်မှုပဲ။

ဒါ့အပြင် အမှောင်ထုကိုမျက်နှာမူပြီး မျက်လုံးတွေမှိတ်ထားရင် အထီးကျန်နေတဲ့တစ်စုံတစ်ယောက်ဆီကနေ နာကျင်မှုတွေက ကူးစက်လာသလိုရယ်။

မှန်နံရံကိုရိုက်ခတ်လာတဲ့ ရေစက်တွေမှာ တစ်စုံတစ်ယောက်ရဲ့မျက်ရည်တွေပါလာသလို...
မိုးစက်ကျသံထဲမှာ တစ်စုံတစ်ယောက်ရဲ့ရှိုက်သံက ခပ်သဲ့သဲ့။
မိုးနဲ့ရောပြီးရောက်လာတဲ့လေထဲမှာ တစ်စုံတစ်ယောက်ဆီက လွမ်းချင်းတွေကလည်း မစဲသွားခဲ့။

ဒါပေမယ့် ဒါတွေဟာ ဘယ်ဆီဘယ်ဝယ်ကနေ ရောက်လာသလဲ ကိုယ်မရေရာခဲ့။

ကော်ဖီတစ်ခွက်နဲ့ နားကြပ်တပ်ပြီးတစ်ယောက်တည်းထိုင်နေတဲ့ကိုယ် မျက်ရည်ဝဲနေပြီဆိုရင် တချို့လူတွေကပြောလေ့ရှိတယ်။

"ညဉ့်နက်ရင် ဆိုက်ကိုလေးတော့ စလာပြီ... မိုးစွေရင် စိတ်လည်းစွေပါပြီ"တဲ့။

ဘယ်သူသိပါ့မလဲ...

လေအဝေ့မှာ ကြွေသွားတဲ့ ဂန္ဓမာဖြူ တွေဟာ မိုးရေထဲမှာ အေးစက်ကုန်ကြတာကို.....
တိတ်ဆိတ်မှုထဲ အမည်နာမတစ်ခုကို တမ်းတမ်းတတခေါ်သံတစ်ခုဟာ ပဲ့တင်နေတာတွေ.....

ပဲ့ကြွေသွားတဲ့အစိတ်အပိုင်းတစ်ခုဟာ ဘယ်သောအခါမှ ပြန်ရှာမတွေ့နိုင်တော့တာ.....
တွဲလက်မြဲဖို့ကြိုးစားရင်း မိုးရေထဲမှာ ဝိဉာဉ်လေးတစ်ခုဟာ ထာဝရတိုင်လွင့်ပြယ်သွားတာကိုရောလေ.....။



~11:45PM

~11:45PM

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Where stories live. Discover now