27

30 4 0
                                    

ကိုယ်မေးချင်တာ တစ်ခုရှိတယ် ကလေးငယ်။

မေးခွန်းက အရှည်ကြီးမဟုတ်ပါဘူး။

ဒါပေမယ့် ဒီမေးခွန်းကို မင်းမဖြေမှာလည်းစိုးတယ် ကလေးငယ်။

ဒါထက် ကိုယ့်ကိုယ်ကိုယ်လည်း စိုးရိမ်တယ်။

ရလာမယ့်အ‌ဖြေကို ကြောက်တယ်ဆိုပါတော့။
ကိုယ့်လက်နဲ့ ကိုယ့်မျှော်လင့်ချက်ကို ကိုယ်တိုင်ပဲ ပြန်ဖြိုချမိသလိုဖြစ်မှာကို ကိုယ်တွေးကြောက်တယ်လေ ကလေးငယ်။

ဒါပေမယ့် ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်အ‌ခြေအနေတစ်ခုကို ရောက်လာတော့မယ်ဆိုရင်တော့ ကိုယ်မေးခဲ့မှာပါ။

"မင်း ကိုယ့်ကို ချစ်ခဲ့ဖူးလား" ဆိုတဲ့ မေးခွန်းကိုလေ ကလေးငယ်။


*****









*****

12:00AM, August 5, 2022

"မင်ပြယ်သွားသော ဒိုင်ယာရီအပိုင်းအစများ" ✔️Où les histoires vivent. Découvrez maintenant