အခန်း (၂၃) - သက်သေ (၆)

479 63 4
                                    

[Unicode]

သူတို့ထဲမှ အချို့ကသာ အနက်ရောင်စခရင်ကြီးကို အချိန်ခဏကြာ သည်းခံကြည့်ရှုနိုင်ခဲ့၏။

စားသောက်ဆိုင်ပိုင်ရှင်က လူငယ်လေးကို မေးလိုက်သည်။ "မင်းဒီ screen ကို သတိရော ထားမိရဲ့လား? အဲ့ဒါက အမြဲတမ်း ဒီ​ေလာက်တောင် ​မှောင်နေတာပဲလား?"

လူငယ်လေးက တော်တော်လေး အိုးတိုးအမ်းတမ်းဖြစ်သွားခဲ့ပြီး - "အာ... အဲ့ဒီဘက်အခြမ်းက ဆိုင်ရဲ့အပိုင်းမဟုတ်တော့ ကျွန်တော်အဲ့ဘက်ကို သိပ်မကြည့်မိဘူး"

တကယ်တော့ သူဟာ စားသောက်ဆိုင်အတွင်းရှိ စောင့်ကြည့်ကင်မရာများကိုလည်း မျက်စိဒေါက်ထောက်ကြည့်မနေခဲ့ပါချေ။ ဗွီဒီယိုမှတ်တမ်းများက ပြဿနာတစ်ခုခုမဖြစ်စေရန် ဟန့်တားထားသည့်သဘောသာဖြစ်၏။ သည်စားသောက်ဆိုင်၏ စျေးနှုန်းဟာ အမြင့်ဆုံးနီးနီးလောက်ထိ ရှိနေသည်မို့ သည်မှာလာစားကြသည့် လူအများစုကလည်း သူတို့၏ ပုံရိပ်ကို ထိန်းထိန်းသိမ်းသိမ်းနေတတ်ကြသူများသာဖြစ်လေရာ ပြဿနာရှာတတ်သူဟူ၍ သိပ်မရှိလှ။

ညနေ ၇:၃၄ နာရီခန့်တွင် Kitty Bell ၏ အိမ်ရှိရာမှ အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

ထိုအလင်းရောင်က မတည်မငြိမ်ဖြစ်လို့နေပြီး လူတစ်ယောက်၏ ခြေလှမ်းများအတိုင်း လိုက်ပါ လှုပ်ယမ်းနေသယောင်ပင်။

"ဒါက.... ဓာတ်မီး အလင်းရောင်မလား?" လူငယ်လေးက သူ့လက်ချောင်းများကို ရွှေ့ကာ ပုံရိပ်ကို အကျယ်ချဲ့လိုက်သည်။

Kitty Bell ၏အိမ်က ကင်မရာမြင်ကွင်းထဲပါနေသည့်တိုင် ေအာက်စိုက်ထားသော ကင်မရာရှုထောင့်နှင့် အနည်းငယ်ကိုးရိုးကားယားနိုင်လှသော တည်နေရာတို့ကြောင့် အပေါ်ပိုင်းတစ်ခြမ်းကိုသာ ရိုက်ယူထားနိုင်လေသည်။ အိမ်အောက်ဘက်ပိုင်းမှာမူ ဘေးအိမ်များ၏ လေကာနံရံများနှင့် သစ်သားခြံစည်းရိုးများကြောင့် မျက်ကွယ်မြင်ကွင်းဖြစ်လို့နေပါ၏။ မှတ်တမ်းဗွီဒီယိုဖိုင်ကို အကျယ်ချဲ့ထားလင့်ကစား သူတို့ မျက်မှောင်ကျုံ့ပြီး ကြည့်လျှင်တောင် ဓာတ်မီးတစ်လက်ကိုကိုင်ရင်း အခန်း၏အဝေးတစ်နေရာမှ ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာသည့် ခပ်ဝါးဝါးပုံရိပ်တစ်ခုကိုသာ မြင်နိုင်ပေသည်။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Where stories live. Discover now