နိဒါန်း

1.4K 92 1
                                    

[Unicode]

ဥပဒေကျောင်း၏ ဘွဲ့နှင်းသဘင်၌ လူငယ်ဌာနမှူးတစ်ယောက်ဖြစ်သူ ယန့်ဆွေကျီးဟာ ဖော်ရွေစွာ ပြုံးနေခဲ့လေသည်။

"ဒီလေးနှစ်အတွက် ရလဒ်တွေတွေကို စမ်းသပ်ကြည့်ရအောင်.. အခု ငါက မင်းတို့တွေရဲ့ ေကျာင်းသားဆိုပါစို့.. အဲ့လိုဆို မင်းတို့ငါ့ကို ဘာများ သင်ပေးနိုင်မလဲ?"

အခြားကျောင်းသားတွေက သူတို့၏ အတွေ့အကြုံအပေါ် အခြေခံပြီး စာတမ်းတိုလေးများကို တလေးတစား ရေးခဲ့ကြသော်လည်း ကုရန့်တစ်ယောက်ကသာ ခံစားချက်မရှိသော မျက်နှာပေးနှင့် စာလုံးရေ ၈ လုံးကို ချရေးခဲ့၏။

"不收讼棍,建议开除"
"အဘယ်အမှုအခင်းကိုမှ လက်မခံရ၊ ထုတ်ပယ်ခံရဖို့ကိုသာ အကြံပြုပါသည်။"

အဲ့ဒီနောက်မှာတော့ ယန့်ဆွေကျီးတစ်ယောက် စာရွက်ပုံကြီးထဲမှ ၎င်းအဖြေလွှာစာရွက်ကို ဆွဲထုတ်လိုက်ပြီး ​ဖောင်တိန်ကိုယူကာ ဣန္ဒြေတစ်ခွဲသားနှင့် ပြန်ရေးလွှတ်လိုက်၏။

"အိုး.. မင်းတကယ် အတည်ပြောနေတာလား?"

အကျိုးဆက်အနေနှင့်တော့ နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းအဆိုပြုချက်ဟာလည်း အမှန်ဖြစ်လာခဲ့တော့သည်။

ယန့်ဆွေကျီး: "................."

ဒီကျိန်စာသင့်နေတဲ့ ကမ္ဘာကြီးက သူ့ကို တကယ် သောက်ရမ်းမုန်းနေတာ​ဖြစ်မယ်..

---------

🎬┃Prologue from Audio Drama┃ 🎬

ဒါကတော့ MuSuLi ဖန်တီးထားတဲ့ ကမ္ဘာကြီးအကြောင်း စာဖတ်တဲ့အခါ ပိုနားလည်နိုင်အောင်လို့ AD ထဲက prologue လေးကို ဘာသာပြန်ပြီး ထည့်ထားတာပါ..

*

နဂါးငွေ့တန်း ကြယ်အစုအဝေးကြီးဟာ လင်းလက်တောက်ပလို့နေပြီး အစောပိုင်း ကမ္ဘာကြီးရဲ့ ေခတ်ကို ပြန်လည် ရှုမြင်လျက် ရှိပါ၏။

ယနေ့ခေတ် လူသားတွေဟာဖြင့် ကမ္ဘာမြေကြီးကနေ စကြဝဠာထဲထိ ကူးပြောင်းနေထိုင်နိုင်စွမ်းတွေ ရရှိနေပြီး ဖြစ်လေသည်။ ကြယ်တာရာအစုအဝေးတွေအနှံ့ ပေါင်းကူးဖြတ်သန်းနိုင်သည့် မဟာမိတ်အဖွဲ့အစည်းကိုလည်း တည်ထောင်ခ​ဲ့ပြီး ဖြစ်၏။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Where stories live. Discover now