အခန်း (၁၀) - ကြားနာ စစ်ဆေးမှု (၁)

422 81 4
                                    

[Unicode]

အဲ့ဒီမေးခွန်းက မေးဖို့လိုသေးလို့လား?

ယန့်ဆွေကျီးက 3D မျက်နှာပြင်ကို ကြည့်ရင်း သူ့စိတ်ထဲ၌ ပြောနေမိ၏။ ကောင်လေး.. မင်းကအဖြစ်မှန်တွေကို လုံးဝမသိသေးလို့ပါ.. တကယ်လို့ ငါသာ ဒီလိုမျိုး အလုပ်သင်တွေလုပ်ရတဲ့ တရားရုံးပုံစံတူ ခုခံချေပမှုလေးလောက်ကို ကြောက်နေရင် ငါ့အထုပ်ငါသိမ်းပြီး ပင်စင်ယူလိုက်ဖို့ အဆင်သင့်ပါပဲ.. ပြီးတော့လည်း...........

သူက အနှီ ကံဆိုးလှသော ဥပဒေအကျိုးဆောင်ရုံးသို့ အလုပ်ကြမ်းများလုပ်ရန် လာရောက်ခ​ဲ့ခြင်းလည်း ဟုတ်မနေပါချေ။

ပေါက်ကွဲမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရရှိပြီးသည်နှင့် တစ်ပြိုင်နက် သူဟာ ကုထုံရွှယ်၏ စားပွဲပေါ်သို့ နုတ်ထွက်စာတစ်စောင် ဗြန်းကနဲပစ်တင်ပြီး လက်ကိုခါကာ ထွက်သွားလိုက်ရုံပင်။ အဲ့သည်တော့ သူ့အတွက် ဘာများ စိတ်ပူစရာ ရှိပါမည်နည်း?

အချိန်အတော်ကြာထိ ဘာတုံ့ပြန်မှုမှ မရှိလေရာ Henry တစ်ယောက် သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပုံ ရလေသည်။

【Henry : မင်းက မေးဖို့အတွက် အားနာနေတာလား? ကိစ္စမရှိပါဘူး.. ငါအဲ့ဒါကို ပြောတာ တခြားအဓိပ္ပါယ်တော့ မဟုတ်ဘူး.. ဒီတိုင်း မင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်မထားမိမှာစိုးလို့ပဲ..】

【ရွမ်ယယ် : ကျေးဇူးပဲ】

【Henry : ကျောင်းက စီနီယာတချို့ ငါ့ကိုပြောဖူးတယ်.. ​ရှေ့နေကုက အမှတ်ပေးတာနဲ့ ပတ်သက်ရင် အရမ်းကို ရက်စက်ပြီးတော့ နည်းနည်းမှ စာနာစိတ်မရှိဘူးတဲ့.. သူနဲ့အနီးကပ်နေရလေလေ၊ မင်းအပေါ် သူမျှော်လင့်ထားတဲ့ စံနှုန်းက မြင့်လေလေပဲမို့ လူတွေကို တကယ် သေလုမျောပါးတောင် ဖြစ်စေတယ်ဆိုလားပဲ.. ငါကြားတာတော့ အရင်က ဒီမှာ သူနဲ့ မိသားစုချင်း ရင်းနှီးတဲ့ အလုပ်သင်တစ်ယောက် ရှိခဲ့ဖူးတယ်တဲ့.. အဲ့တော့ သူက မှီခိုစရာ လူတစ်ယောက်ရှိတယ်လို့ ထင်ခဲ့တာပေါ့.. ဒါပေမယ့် ​ရှေ့နေကုက အလုပ်သင်တွေကို လက်မခံဘူးဆိုတာ သိလိုက်ရတော့ သူတော်တော်ကြေကွဲသွားတယ်.. နောက်ပိုင်းကျ အဲ့ဒီတစ်ယောက်က ကနဦးအကဲဖြတ်မှုအတွက် ပြင်ဆင်တုန်း ဖြစ်ကတတ်ဆန်း လုပ်မိသွားတော့ တရားရုံးပုံစံတူ ခုခံချေပတဲ့အချိန်မှာ ကောင်းကောင်းကြီး သင်ခန်းစာပေးခံလိုက်ရရောတဲ့.. သူက ခေါင်းမော့ရင်ကော့ပြီး ဝင်သွားပေမယ့် ခေါင်းငုံ့ငိုယိုပြီး ပြန်ထွက်လာရတယ်တဲ့.. မင်းတွေးကြည့်လေ.. ငါသာ သူ့ရဲ့ ကျောင်းသားဆိုရင်တော့.............】

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Wo Geschichten leben. Entdecke jetzt