အခန်း (၁၇) - ဆေးရုံ (၄)

364 73 3
                                    

[Unicode]

သူနာပြုလေး၏ အတွေးထဲမှာတော့ ထိုစာလုံးကို ရေးထားသည့်ပုံက ပြစ်ချက်တစ်စုံတစ်ရာမရှိ ကောင်းမွန်လှပါ၏။

လူနာအမည်ဖြည့်ရမည့် အကွက်ဟာ တစ်ဖန်ပြန်ပြီး ကွက်လပ်ဖြစ်သွားခဲ့တော့သည်။ ကုရန့်က ဖောင်တိန်ကိုသုံးပြီး 'ရွမ်ယယ် (阮野)' ဆိုသည့် နာမည်နှစ်လုံးကို ရေးသွင်းလိုက်၏။

သူနာပြုလေးခမျာ အလျားလိုက်ကြည့်ကြည့်၊ ဒေါင်လိုက်ကြည့်ကြည့် ထိုနာမည်နှစ်လုံးကို 'ယန့် (燕)' ဆိုသည့် စာလုံးနှင့် ဘယ်လိုများ မှားရေးလိုက်သလဲဆိုသည်ကို နားမလည်နိုင်ခဲ့။ သို့ပါသော်လည်း သူမဟာ ဘာမှ ဝင်စွက်ဖက်မနေဘဲ ဘေးနားကနေသာ အပြုံးလေးချိုချိုလေးနှင့် စောင့်ဆိုင်းပေးနေလိုက်တော့သည်။

ကုရန့်က ဖောင်ကိုအမြန်ဖြည့်ပြီးနောက် အတည်ပြုတင်သွင်းလိုက်ပြီး ဘေးဘက်သို့ ေရွှ့ပေးလိုက်၏။

သူနာပြုလေးက ကျွမ်းကျင်သွက်လက်စွာဖြင့် ကွန်ပြူတာကို ကိုင်တွယ်လုပ်ဆောင်နေလျက်။

သိပ်မကြာခင်မှာပဲ ထို ID နှင့် ဆက်စပ်နေသော Spring Ivy ဆေးရုံ၏ ကုသမှုမှတ်တမ်းများကို ပြသလာခဲ့တော့သည်။ ထို 'ရွမ်ယယ်' ဆိုသည့် အမည်အောက်မှာတော့ ဆေးမှတ်တမ်းက ပြောင်ရှင်းလို့နေပြီး ရောဂါရှာဖွေခြင်းနှင့်ပတ်သက်၍ဖြစ်စေ၊ ကုသမှုရာဇဝင်မှာပ​ဲဖြစ်စေ၊ မှတ်တမ်းတင်ထားသော အထောက်အထား တစ်ခုတစ်လေလေးတောင် ရှိမနေခဲ့ပါချေ။

Spring Ivy ဆေးရုံ၌သာမကသေး၊ အခြားဆေးရုံများမှာ ပြသထားခ​ဲ့ဖူးသော မှတ်တမ်းမှတ်ရာများပါ ရှိမနေခဲ့ခြင်းပင်။

၎င်းက လုံးဝကိုပုံမှန်မဟုတ်ကြောင်း သိသာလှပါ၏။

"အမ်....."

သူနာပြုလေးက ထိုပုံရိပ်ယောင်မျက်နှာပြင်ကို မြင်လိုက်ရသည့်အခါမှာတော့ ပြောစရာစကားများပင် ေပျာက်ရှလို့သွားတော့သည်။ သူမက မသိစိတ်အရ Refresh အကြိမ်ကြိမ်လုပ်​ေနရင်း ရေရွတ်မိလိုက်၏။

"ဒါကစက်များ hung နေတာလား? ဘာလို့ ဘာမှ ပေါ်မလာရတာလဲ?"

ကုရန့်က ပုံရိပ်ယောင်မျက်နှာပြင်ကို မော့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာတော့ နည်းနည်းလေးတောင် အံ့အားသင့်နေသည့်အရိပ်အယောင်မျိုး ရှိမနေခဲ့။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Nơi câu chuyện tồn tại. Hãy khám phá bây giờ