အခန်း (၂၂) - သက်သေ (၅)

303 51 5
                                    

[Unicode]

Rosie Dale က သူမ၏ ပါးစောင်ကို လျှာနှင့်ထိုးကာ သကြားလုံးကို တခြားနေရာသို့ ပြောင်းငုံလိုက်သည်။ သူမ၏ ပိတုန်းရောင် မျက်လုံးနက်နက်တို့က ယန့်ဆွေကျီးကို နှစ်ကြိမ်မျှ မျက်တောင်ခတ်ကြည့်လိုက်ပြီး တိုးတိုးလေး မေးလာခဲ့၏။

"ဘာလုပ်နေတာလဲ?"

ယန့်ဆွေကျီး၏ ပြန်ဖြေသံက သူမထက်ပင် များစွာတိုးလျနေလျက်။

"ငါ့မျက်နှာ နာနေလို့"

Rosie Dale က မျက်လုံးများ ကွေးတက်သွားသည်အထိ ရွှင်မြူးစွာ အော်ဟစ် ရယ်မောလိုက်လေသည်။

ယန့်ဆွေကျီး : "........." မင်းကတော့လေ တကယ့်ကို နတ်မိမယ်လေးပါပဲ....

နတ်မိမယ်လေး Rosie Dale ၏ မြူးထူးထူးရယ်သံက တစ်ယောက်သောသူ၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့၏။

ယန့်ဆွေကျီးက သူ့မျက်နှာတစ်ခြမ်းကိုကွယ်ရင်း ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားလှသော ပြတင်းပေါက်ကြီးကို တိတ်တဆိတ် ငေးကြည့်နေစဉ်မှာပဲ ကုရန့်၏အသံက သူ့ဘေးကနေ ထွက်ပေါ်လာခဲ့​သည်။

"မင်းမျက်နှာကို ကွယ်လိုက်တာနဲ့ ငါက မမြင်တော့ဘူးလို့ ထင်နေတာလား?"

မင်းသိလို့လား... ဘယ်ပြောနိုင်မလဲ?

ယန့်ဆွေကျီး၏ မျက်နှာထက်၌ အမူအရာမျိုးစုံ လှစ်ကနဲ လှစ်ကနဲ ပြောင်းလဲလို့သွားလျက်။ နောက်ဆုံးမှာတော့ သူက ခပ်ဖွဖွသာ ချောင်းဟန့်ရင်း လက်ကို အောက်ချလိုက်တော့၏။

Rosie က ဘယ်သူမှ မတောင်းဆိုရပါဘဲ သူမဘာသာ အတွင်းဘက်ကို နေရာရွှေ့ထိုင်လိုက်ပြီး ဆိုဖာ၏ နေရာ တစ်ဝက်ကျော်ကို အလွတ်ထားပေးလိုက်သည်။ သည်ကလေးမလေးက သူစိမ်းများကို ကြောက်တတ်သော်လည်း ဟိုစဉ်တစ်ချိန်က ချောကလက်လေးတစ်တုံးနှင့် နီးနီးကပ်ကပ် အတူနေခဲ့ရသော ရက်အနည်းငယ်ကြောင့် သူမဟာ သူတို့နှစ်ယောက်ကိုတော့ ရင်းနှီးကျွမ်းဝင်နေပြီး သူငယ်ချင်းများအဖြစ်ပင် ​မှတ်ယူထားသေး၏။

"ကျေးဇူးတင်ပါတယ်"

​ရှေ့နေကုက ကလေးမလေးအပေါ် အလွန်တရာ ယဉ်ကျေးနေလျက်။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Donde viven las historias. Descúbrelo ahora