ကလေးငယ်၏အိပ်ယာနိုးကာစပုံစံလေးကရှောင်ကျန့်အားပို၍ပို၍နူးညံ့သွားစေသည်။

'ကလေးချစ်တတ်သည့်စိတ်'အွန်လိုင်းသို့တတ်လာပါပြီ......

ရှောင်ကျန့်ဟာသူ့ရဲ့ဖောင်းတုတ်တုတ်လက်ကလေးတွေအားဆန့်ထုတ်၍ဟေးလစ်ခ်၏ထိုးထိုးထောင်ထောင်ဆံပင်လေးတွေအားသပ်ပေးလိုက်သည်။ပုံမှန်ဆိုvampireသွေးသန့်တွေ၏ခေါင်းကိုထိကိုင်ခြင်းကခေါင်းတောင်ဖြတ်ပြစ်လို့ရသည်အထိပြစ်မှုကြီးသည်။၎င်းကအလွန်အကျူးမလေးစားရာကျလွန်းသဖြင့်သွေးသန့်တစ်ယောက်၏ခေါင်းကိုမည်သူမှထိကိုင်ခွင့်မရှိပေ။

သို့ပေမယ့်ရှောင်ကျန့်ကတော့ဤကလေးငယ်အားအသည်းယားလွန်းသဖြင့်ထိုစည်းမျဥ်းစည်းကမ်းအားလုံးလုံးမေ့လျော့သွားရှာသည်။

အံဩဖို့ကောင်းစွာပင်ဟေးလစ်ခ်လေးကစိတ်ဆိုးဟန်မပေါ်သည့်အပြင်ရှောင်ကျန့်ရဲ့ပွတ်သပ်ပေးမှုကိုသဘောကျနှစ်ခြိုက်ဟန်ဖြင့်ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ထပ်မံပွတ်သပ်ပေးဖို့ရန်တိုးဝှေ့လိုက်သေးသည်။

"morning pig..."

ဟေးလစ်ခ်ကသူ့ဘေးနားရှိယုန်ရုပ်လေးအားကောက်ယူကာရင်ခွင်ထဲပိုက်လျက်ဆိုသည်။ရှောင်ကျန့်၏မျက်နှာမှာတော့vampireငယ်လေး၏စကားကျချက်ချင်းရှုံမဲ့သွားရှာသည်။

((A/N) - pig=ဝက်🤣)

ရှောင်ကျန့်ကအရင်ဦးစွာအိပ်ယာမှထလာသည့်ကလေးငယ်လေးအားကိုယ်လက်သန့်စင်ပေးသည်။အဝတ်အစားသန့်သန့်ပြန့်ပြန့်လေးတွေဝတ်ဆင်၍ဖြီးသင်ပြီးသည့်နောက်ဟေးလစ်ခ်မှာသက်ရှိအရုပ်လေးနှင့်တစ်ထေရာတည်းတူသွား၏။မဟုတ်။ဟေးလစ်ခ်ကသက်ရှိအရုပ်လေးတွေထက်တောင်အသက်ဝင်ပြီးချစ်ဖို့ကောင်းသေးသည်။

မနက်စာစားဖို့ရန်အိမ်အောက်ထပ်သို့ခေါ်ဆောင်လာပြီးနောက်တွင်အိမ်တော်ထိန်းဆိုဘတ်ကvampireငယ်လေးအတွက်မနက်စာပြင်ဆင်ထားလျက်စောင့်ဆိုင်းနေလေသည်။ရှောင်ကျန့်ကအနည်းငယ်စူးစမ်းကြည့်ပြီးနောက်တွင်အိမ်ကြီးရှင်အမောင်ဇာတ်လိုက်မှာအခုချိန်ထိရှိမနေကြောင်းသတိထားမိလိုက်သည်။

system 091 Where stories live. Discover now