ရှောင်ကျန့်ကအတော်လေးသွေးအန်လိုက်ရပေမယ့်သူတို့နှစ်ယောက်ရဲ့အချစ်ကိုတော့မကန့်ကွက်ခဲ့ပေ။

အနည်းဆုံးတော့သူကအနည်းငယ်အံ့ဩထိတ်လန့်သွားရုံသာရှိပေမယ့်ဟူယွဲ့ခမျာတော့လုံးဝကြေကွဲသွားရှာသည်။သူ့ခမျာသူနဲ့စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ညီလေးတစ်ယောက်ရရုံတင်မကြာသေး။ရန်သူလိုဖြစ်ပျက်နေသည့်နှစ်ယောက်ကညားသွားကြသည်တဲ့။

အခုဆိုရင်လဲ့ချင်းယန်ကအရင်လိုမဟုတ်တော့ချေ။'မယက'ဖြစ်မှန်းမသိဖြစ်သွားရှာရုံသာမကလုံဖုချန်စိတ်တိုင်းကျတစ်ခါတလေသနားစရာဟူယွဲ့လေးဆီသို့ပြဿနာလှည့်လှည့်ရှာတတ်သေးသည်။

အရာအားလုံးကမူလဇာတ်ကြောင်းနှင့်အလွန်အမင်းကွဲထွက်သွားပေမယ့်ဒီကမ္ဘာမှာရှိတဲ့လူတိုင်းကတော့ပျော်ရွှင်နေကြသည်။

ဇာတ်လိုက်မနှစ်ယောက်ဖြစ်တဲ့ဆုဖေးယွဲ့နှင့်လုလုတို့အတွဲဟာလည်းကောင်းမွန်စွာပေါင်းဖက်ရသလိုကျန်တစ်ယောက်ဇာတ်လိုက်မအန်းနဥ်ဟာလည်းသိမ်မွေ့သောနှင်းပွင့်ကျောင်းတော်၏မိန်းမလှတပည့်လေးတွေကြား၌ပင်ပျော်ရွှင်ကျေနပ်နေ၏။

ဇာတ်လိုက်ကလည်းမိန်းမသုံးယောက်မရခဲ့ပေမယ့်ယခုရခဲ့သည့်ဇနီးလေးကိုတော့အသေအလဲအလိုလိုက်ပြီးချစ်ခင်သည်။မူလဇာတ်ကြောင်းထဲကဇာတ်လိုက်မတွေတောင်ဒီလောက်ထိသည်းသည်းလှုပ်ခြင်းမခံခဲ့ရပေ။

သူတို့နှစ်ယောက်ကတွေ့ကာစတွင်တစ်စက်ကလေးမှမျက်နှာကြောမတည့်ပေမယ့်ဒရမ်မာဆန်ဆန်အမုန်းကနေအချစ်သို့ဘယ်လိုပြောင်းလဲသွားမှန်းတောင်သူတို့ကိုယ်တိုင်မသိခဲ့ကြချေ။

သူသတိထားမိချိန်မှတော့ခွဲခွာလို့မရနိုင်အောင်ဖြစ်သွားခဲ့လေပြီ။

*************
******

[missionအောင်မြင်တဲ့အတွက်ဂုဏ်ပြုပါတယ်host....

[အမည် - ရှောင်ကျန့်

အသက် - ၂၂နှစ်

လိင် - ယောက်ျား

ပြီးမြောက်သည့်mission - 50%

ပြီးမြောက်သည့်ကမ္ဘာ - 5

system 091 Where stories live. Discover now