အပိုင်း ၆၂ ( The Emperor 12 )

3.8K 599 22
                                    

ပင်းဝမ်၏ပုန်ကန်မှုကို ယန်ကျင်းဇီက မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်။

အဆုံးမှာတော့ သူက ဧကရာဇ်မင်း ဖြစ်ပြီး သူ အလိုရှိလျှင် သူသည် သတင်းအချက်အလက်များစွာကို အချိန်မရွေး ရရှိနိုင်သည်။

ချူထင်းရှိူ့အတွက်ကတော့ တပ်အရာရှိများသည် သူ့စကားကို နားထောင်လိုက်နာရသည်ကို ပျော်ရွှင်သော်ငြား မြို့တော်မှ အရပ်ဘက်မှူးမတ်များက သူ့ကို အမှန်တကယ် မနှစ်သက်ကြပေ။

သို့သော်ငြား တော်ဝင်တပ်ဖွဲ့ကို ပင်းဝမ်က ချုပ်ကိုင်ထားပြီး နန်းတော်ထဲသို့ ပင်းဝမ်နောက်မှ လိုက်ပါဝင်ရောက်ခဲ့သော အချက်ကမူ ယန်ကျင်းဇီ မမျှော်လင့်ထားသော တစ်စုံတစ်ရာ ဖြစ်သည်။

ပုန်ကန်မှုကို သေဒဏ်ဖြင့်သာ အပြစ်ပေးနိုင်သည်။ တော်ဝင်တပ်ဖွဲ့၏ ရဲစွမ်းသတ္တိက ချီးကျူးစရာပင်။

အပြင်ဘက်မှ တိုက်ပွဲသံများ တဖြည်းဖြည်း တိတ်သွားကာ မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများသည် တော်ဝင်တပ်ဖွဲ့ကို ဖမ်းဆီးပြီးသွားပြီဖြစ်သည်။

တော်ဝင်တပ်ဖွဲ့၏ တပ်သားများသည် မြို့တော်၏ ‌ဒေသခံအများစု ဖြစ်ပြီး တပ်သားများစွာမှာ စစ်မြေပြင်သို့ တစ်ခါမှ မရောက်ဖူးသော အစိုးရမိသားစုများမှ ဖြစ်ကြသည်။ သူတို့သည် စစ်မြေပြင်သို့ တစ်ခါမှ မရောက်ဖူးဘဲ ယခု ကောင်းမွန်စွာ လက်နက်တပ်ဆင်ထားသော်ငြား သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ မြောက်ပိုင်းတပ်ဖွဲ့အောက် များစွာ ညံ့ဖျင်းသည်။

မြောက်ပိုင်းတပ်ဖွဲ့တွင် တပ်သားနည်းနည်းသာ ရှိလျှင် သူတို့က အသက်အသေခံပြီးတောင် တိုက်ခိုက်နိုင်ကြလေရာ ယခုမူ မြောက်ပိုင်းတပ်ဖွဲ့တွင် တပ်သားပိုများသည်။

သူတို့ မအောင်နိုင်တော့ကြောင်း သဘောပေါက်သွားကြသောအခါ တော်ဝင်တပ်ဖွဲ့မှ တပ်သားများစွာမှာ ပြိုလဲသွားကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများ အားလုံးကို ဆုံးရှုံးသွားကြကာ အသနားခံကြတော့သည်။

သို့သော် မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများကတော့ စိတ်ဓာတ်ခွန်အားတက်ကြွနေကြသည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now