အပိုင်း ၂ ( Phoenix Man )

5.1K 281 2
                                    

A တက္ကသိုလ်ကျောင်းဝင်း၌ ဆင်းရဲသားရပ်ကွက်ကဲ့သို့ ချောင်ကြိုချောင်ကြားနေရာမှ လာသည့်ပုံပေါ်သော ဆယ်ကျော်သက်တစ်ယောက် ရောက်ရှိနေသည်။

ဖြတ်သွားဖြတ်လာများသည် ယန်ကျင်းဇီ ခေါ်လာသည့် ကျန်းဖင်းရှို့ကိုရော၊ ကျန်းဖင်းရှို့ကို ဆွဲခေါ်နေသည့် ယန်ကျင်းဇီကိုရော စိတ်ဝင်တစား ကြည့်နေကြသည်။

ယန်ကျင်းဇီ၏ အခန်းဖော် ဟောင်လျန်သည် ကျန်းဖင်းရှို့အား သိချင်စိတ်ပြင်းစွာ ကြည့်ပြီး မေးလာသည်။

" ယန်ကျင်းဇီ မင်းမှာ သူငယ်ချင်းရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ "

" မင်း အခု ကြားဖူးသွားပြီလေ။ "

ယန်ကျင်းဇီ ပြောလိုက်သည်။

ဟောင်လျန် အသာရယ်လိုက်ကာ " သူကြည့်ရတာ အရမ်းပိန်တယ် " ။

" အေး "

ကျန်းဖင်းရှို့သည် တအား ပိန်ပိန်သေးသေးလေး ဖြစ်နေသည် ဟု ယန်ကျင်းဇီ တကယ်ထင်သည်။ ကလေးငယ်တစ်ယောက်စီမှ ငွေချူစားခဲ့သည့်ကိစ္စကို တွေးမိရုံနှင့် ယန်ကျင်းဇီ အသက်ရှူကြပ်ချင်သလိုဖြစ်လာ၏။ သူ ကိုင်ထားသော တုန်ရီနေသည့်လက်ဖဝါးမှာ အသားမာများတက်ကာ ကြမ်းထော်နေသည်။ ဤအရာများအားလုံးသည် သူ့အား ပို၍ စိတ်အချဉ်ပေါက်စေသည်။

ယန်ကျင်းဇီ ဟောင်လျန်အားကြည့်ရင်း ပြောလိုက်သည်။

" ဟောင်လျန် ငါ့သူငယ်ချင်းရောက်နေလို့ ဒီနေ့ မင်းနဲ့အတူတူ ထမင်းမစားတော့ဘူး။ "

" အိုကေ နောက်မှတွေ့ကြတာပေါ့ "

ဟောင်လျန် ပြုံးပြပြီး ‌ကန်တင်းသို့အရင်ထွက်သွားသည်။

ဟောင်လျန်ထွက်သွားသည့်အခါ ယန်ကျင်းဇီ ကျန်းဖင်းရှို့အား ကြည့်ပြီးမေးလာသည်။

" ဖင်းရှို့ မင်း ဘာစားချင်လဲ? "

ကျန်းဖင်းရှို့ ဘဲကင်အိတ်အား ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး နောက်ဆုံးမှာတော့ သတ္တိတို့ကို စုစည်းနိုင်လိုက်သည်။

" အစ်ကိုကျင်းဇီ ကျွန်..ကျွန်တော်က ဒီတိုင်း...အစ်ကိုကြီးကို... တစ်ခုခုပေးချင်လို့ပါ...ကျွန်..ကျွန်တော် ပြန်ချင်ပြီ။ "

ချစ်ခင်ပွန်း ( ဘာသာပြန် )Onde histórias criam vida. Descubra agora