အပိုင်း ၅၆ ( The Emperor 6 )

1.8K 146 7
                                    

ယန်ကျင်းဇီသည် ရွှင်လန်းတက်ကြွစွာဖြင့် ခုတင်ပေါ်တွင် နီရဲနေသော မျက်နှာနှင့် လှဲလျောင်းနေသည့် ချူထင်းရှို့အား ဆေးလိမ်းပေးခဲ့ပြီး သူ တော်ဝင်စာကြည့်ဆောင်သို့ သွားနေစဉ်အချိန်တွင်လည်း ချူထင်းရှို့အား လှဲလျောင်းအနားယူနေရန် ပြောခဲ့သည်။

ချူထင်းရှို့သည် သူ့ကို သင်ကြားပေးရန် ထူးချွန်သော ပညာရှင်ကြီးတစ်ဦးအား ခေါ်ယူဖိတ်ကြားပေးထားကာ သူ့သင်ခန်းစာများသည် တစ်ရက်ကလေးမျှပင် နှောင့်နှေး၍မဖြစ်ချေ။

ထို့အပြင် ဤအချိန်၌ သူ့နှလုံးခုန်သံက အလွန်မြန်ဆန်နေပြီး သူ တစ်စုံတစ်ခုကို လုပ်ဆောင်ချင်လာသည်...

သူ ချူထင်းရှို့နှင့် ဆက်လက်အတူရှိနေပါလျှင် ချူထင်းရှို့အား ထိခိုက်နာကျင်အောင် ပြုမူမိမည်ကို သူ စိုးရိမ်သည်။

ယန်ကျင်းဇီ တော်ဝင်စာကြည့်ဆောင်သို့ ရောက်သွားသောအခါ ချူထင်းရှို့ သူ့အတွက် ခေါ်ယူဖိတ်ကြားပေးထားသော ဆရာမှာ စောင့်ဆိုင်းနေပြီဖြစ်သည်။

တပ်အရာရှိတစ်ဦး ဖြစ်သော ချူထင်းရှို့သည် အရပ်သားမှူးမတ်များ၏ ကိစ္စအကြောင်းအရာတို့ကို သိပ်မသိသဖြင့် ဧကရာဇ်မင်းအတွက် နာမည်ကျော်ဆရာတစ်ယောက်ကို ခေါ်ယူဖိတ်ကြားရန် များစွာသော လုံ့လဝီရိယတို့နှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။

သူ ခေါ်ယူဖိတ်ကြားထားသော ဆရာများမှာ တိုင်းပြည်အတွင်း ကျော်ကြားသော ပညာရှင်ကြီးနှစ်ဦး ဖြစ်ပြီး တစ်ဦးဆိုလျှင် နှောင်းဧကရာဇ်၏ဆရာဖြစ်ခဲ့ဖူးကာ သူတို့က ယန်ကျင်းဇီကို အလှည့်ကျ သင်ကြားပေးကြလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချူထင်းရှို့သည် သူ၏ တိုက်ပွဲဝင်နေ့ရက်များတွင် သိကျွမ်းခဲ့သော စာပေအလွန်နှံ့စပ်သိရှိသည့် ပညာရှင်တစ်ဦးကိုလည်း ဖိတ်ကြားခေါ်ယူခဲ့ပြီး သူ၏စစ်မက်ရေးရာအကြံပေးအရာရှိကိုလည်း အတူလိုက်ပါခိုင်းကာ ယန်ကျင်းဇီအား သင်ကြားစေခဲ့သည်။

သေချာတာပေါ့၊ ကြီးမြတ်သော ပညာရှင်ကြီးနှစ်ဦးတွင် တရားဝင် ရာထူးအဆင့်အတန်းများ ရှိကြပြီး အင်ပါယာနှင့် သက်ဆိုင်သော တရားဝင်ဆရာများ ဖြစ်ကြသည်။ တခြားတစ်ဖက်တွင်တော့ နောက်နှစ်ဦးမှာ မူလပိုင်ရှင်နှင့်အတူတူ စာလေ့လာသည် ဟူသော မူမမှန်သော အကြောင်းပြချက်ဖြင့် မူလပိုင်ရှင်အား အဖော်ပြုပေးနေကြရုံသာ ဖြစ်သည်။ သူတို့သည် အနားမယူရဘဲ နန်းတော်သို့ အပို့ခံရသော်လည်း မူလပိုင်ရှင်တွင် စာသင်ချိန်တစ်ချိန် ရှိသည့်အခါတိုင်း သူ့ကို အဖော်ပြုပေးရန် သူတို့က ထိုနေရာတွင် ရောက်ရှိနေကြလိမ့်ပေမည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now