အပိုင်း ၅ ( Phoenix Man )

9.9K 1.4K 35
                                    

ဘဲကင်ကိုပို့ပြီးတစ်လအကြာမှာ ကျန်းဖင်းရှိူ့ရဲ့အဖွားက မတော်တဆမှုတစ်ခုဖြစ်လိမ့်မယ်ဆိုတာ ယန်ကျင်းဇီသိခဲ့သည်။

မူလဇာတ်ကြောင်းအရ ကျန်းဖင်းရှိူ့၏အဖွားသည် လယ်ယာလုပ်ငန်းခွင်ဝင်နေစဉ် သူ(မ)၏ခြေထောက်ရုတ်တရက် မတော်တဆကျိုးသွားခဲ့သည်။ ဆောင်းရာသီချိန်တွင် သူ(မ)သည် မြေပြင်ကနေ ချက်ချင်းပြန်မထနိုင်‌ခဲ့ချေ။ နောက်ဆုံး သူ(မ)ကို ရှာဖွေတွေ့ရှိခဲ့သည့်အချိန်မှာလည်း အတော်လေးကြာမြင့်နေခဲ့ပြီဖြစ်၏။

တကယ်တော့ အဖွားအိုသည် အရမ်းအသက်မကြီးသေးပေ၊ အသက် ၆၀ သာရှိသေးသည်။ သို့သော် သူ(မ)၏ဘဝသည်အလွန်ခက်ခဲသဖြင့် သူ(မ)၏ကျန်းမာရေးအခြေအနေသည်လည်း ထိခိုက်ခဲ့ရသည်။ သူ(မ)ခြေထောက်ကျိုးသွားပြီးနောက် သူ(မ)သည် မြေပြင်ပေါ်တွင်လဲကာ အေးခဲနေခဲ့ရသောကြောင့် အအေးမိပြီးဖျားခဲ့သည်။ ကျန်းဖင်းရှိူ့စီ သတင်းရောက်လာသောအခါ သူသည် မူလပိုင်ရှင်အားဖုန်းခေါ်ခဲ့သော်လည်း မူလပိုင်ရှင်ကဖုန်းမကိုင်ခဲ့ချေ။ အဆုံးမှာတော့ သူ(မ)ကို‌ဆေးကုသဖို့ သူတစ်ယောက်တည်းပြန်သွားခဲ့ပေမယ့် လုံးဝပျောက်ကင်းအောင်မကုသနိုင်ခဲ့ပါဘူး။

ကျန်းဖင်းရှိူ့ကသူ(မ)ကို စိုးရိမ်၍ သူ(မ)ကို မြို့ထဲခေါ်လာပြီး နေထိုင်ဖို့အိမ်တစ်လုံးငှားခဲ့သည်။ ဒါကြောင့် သူကပိုက်ဆံကုန်သွားပြီး မူလပိုင်ရှင်၏ နေထိုင်စားသောက်စရိတ်ကို အချိန်မီမပေးချေနိုင်ခဲ့တော့ဘူး။

မူလပိုင်ရှင်သည် သူ၏အတန်းဖော်များထံမှ ဒေါ်လာရာဂဏန်းချေးယူနိုင်သလို သူ့ကိုယ်သူထောက်ပံ့ဖို့လည်း အချိန်ပိုင်းအလုပ်တစ်ခုခုကိုရှာနိုင်သည်။ သို့ရာတွင် သူက ပိုက်ဆံချေးရတာက အရမ်းရှက်ဖို့ကောင်းပြီး အချိန်ပိုင်းအလုပ်ရှာခြင်းကလည်း သူ့အဆင့်ကိုထိခိုက်စေလိမ့်မည်ဟု တွေးခဲ့သည်။ နောက်ဆုံး ကျန်းဖင်းရှိူ့ကိုသွားရှာပြီး အတူအိပ်သည့်နည်းလမ်းနှင့် ကျန်းဖင်းရှိူ့ကို ငွေဆက်ပေးရန်ချော့သည်။

ဒါကြောင့် နောက်နှစ်သစ်မှာ အသက် ၁၆ နှစ်အရွယ် ကျန်းဖင်းရှိူ့သည် ဟိုတယ်ကြီးကြီးတစ်ခုမှာ မနက်ကနေညနေအထိ အလုပ်လုပ်ရတော့သည်။ သူတစ်ယောက်တည်း  လူနှစ်ယောက်စာအတွက် ငွေရှာဖို့ အလုပ်လုပ်ရသည်။ နောက်ထပ်နှစ်များတွင်လည်း သူ့တွင် အားလပ်ချိန်ဆိုသည်မှာ ရှိမနေတော့၊ မူလပိုင်ရှင်အတွက် ငွေရှာနေစဉ် သူ၏နေမကောင်းသော ခြေဆွံ့အဖွားကို ရှာကျွေးရသည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now