အပိုင်း ၄၂ ( The Star 3 )

5.5K 952 55
                                    

" ငါ့ယောက်ျားဘေးက လူက ဘယ်သူလဲ? "

" အဲ့တာ ကျီချန်းရှိူ့ မလား? "

" ကျီချန်းရှိူ့က ဒီလိုရုပ်လား? "

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေသူများမှာ အနည်းငယ် ရှုပ်ထွေးနေကြသည်။

ကျီချန်းရှိူ့၏ အကျော်ကြားဆုံးအချိန်မှာ တကယ်တော့ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် ရုပ်ရှင်အများကြီး မရိုက်ဖြစ်ဘဲ ပိတ်ကားပြင်နောက်ကွယ်မှ အလုပ်များကိုသာ လုပ်ဖြစ်ခဲ့သည်။

ယနေ့ခေတ်တွင် စွမ်းအားအကောင်းဆုံး ကြယ်ပွင့်များနောက်လိုက်သူများမှာ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများ ဖြစ်ကြသည်။ သူတို့အများစု၏ ကျီချန်းရှိူ့ကို နားလည်မှုမှာ ရေတပ်မှ ယခင် အလွန်အမင်း ကြေညာနှောင့်ယှက်ခဲ့သော black material ထံမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအချိန်က ရေတပ်မှ ထုတ်သော ကျီချန်းရှိူ့၏ဓာတ်ပုံများမှာ ရုပ်ဆိုးနေဆဲ။ ကျီချန်းရှိူ့သည် ခက်ခဲသော ဇာတ်ကောင်အခန်းများကို စိန်ခေါ်ရသည်ကို နှစ်သက်ပြီး အထူးဇာတ်ကောင်အချို့တွင် သရုပ်ဆောင်ရန် သူ့ပုံရိပ်ကို မကြာခဏ ဖျက်ဆီးလေ့ရှိသည်။ သူသည် ဝတုတ်တုတ် ယောက်ျားတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ကိုယ်အလေးချိန်တက်အောင် လုပ်နိုင်သည် သို့မဟုတ် မူးယစ်ဆေးစွဲနေသူတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ကိုယ်အလေးချိန်ကျအောင် လုပ်နိုင်သည်၊ အခြားသူများ၏ ဖခင်အဖြစ် သရုပ်ဆောင်ရန် မိတ်ကပ်လိမ်းနိုင်သည်၊ ဘာမဆို လုပ်ဆောင်နိုင်သည်။

ထို့ကြောင့် ပရိသတ်ငယ်လေးများ၏ အမြင်ထဲမှ ကျီချန်းရှိူ့က ရုပ်ဆိုးသည်။ ယခု သူတို့ သူ့ကို မြင်သောအခါ သူ့ရုပ်ရည်သွင်ပြင်က တကယ်ကောင်းမှန်း သူတို့ သိလိုက်ရသည်။

လူကြိုက်များသော ချောမောသည့်ပုံစံ မဟုတ်သော်ငြား ထိုတောင့်တင်းသည့်ယောက်ျားပုံစံကိုလည်း လူအချို့က သဘောကျကြသည်။

သို့သော် ကျီချန်းရှိူ့က လူသစ်များနှင့် မပြောနိုင်သော စည်းမျဉ်းများ ရှိပြီး လိင်တူစိတ်ဝင်စားသူတစ်ယောက်လည်း ဖြစ်မှန်း စဉ်းစားမိသောအခါ လူတိုင်းက သူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်များ မရှိကြပေ။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now